အက်ဖ်အေဖလားအပြီးမှာတော့ လီဗာပူးအသင်းသား ၃ ဦးဟာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောပါတယ်။

ပွဲချိန် ၁၂၀ အပြည့် ကစားခဲ့တဲ့ ဒါဝင်က တံကောက်ကြော ထိခိုက်မိပြီး လူချိုကတော့ ပေါင်ခြံမှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လက်ရွေးစင် လူစာရင်းတွေမှာတော့ ဆက်လက် ပါဝင်နေဦးမှာပါ။

ကလော့ပ်က “ လူချို ပေါင်ခြံမှာ ဒဏ်ရာရသွားပါတယ်။ ဒါဝင်က တံကောက်ကြောနဲ့ ကိုဒီက ခြေကျင်းဝတ် ခေါက်သွားတယ်။ လာမယ့် ၄ ရက် ၅ ရက်မှာ သူတို့ ပြန်ကစားရဦးမှာက ရူးလောက်စရာပဲ။

အခုတော့ ကောင်လေးတွေ နိုင်ငံတကာ သီတင်းပတ်ထဲ သွားရပါတော့မယ်။ သူတို့ ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ” လို့ ပြောပြပါတယ်။

ဒါဝင်ရဲ့ တံကောက်ကြော် အခြေအနေနဲ့ ပတ်သက်လို့ “အခြေအနေ မဆိုးရွားဖို့ မျှော်လင့်ပါကြောင်း” ထပ်လောင်း ပြောဆိုပါသေးတယ်။