မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ရဲ့ အချိန်ပို မိနစ် ၃၀ မှာ လီဗာပူးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ထံ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပွဲချိန်တွင်း ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ကာ အချိန်ပိုမှာတော့ အာမတ်ကပဲ လီဗာပူးကို အနိုင်ရစေမယ့် သွင်းဂိုးအား ကောင်တာကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးရဲ့ ဖလား ၄ လုံး အိပ်မက်ကို ရပ်တန့်ပေးခဲ့ပါပြီ။

ဆီမီးဖိုင်နယ်ထံ တက်ရောက်အပြီးမှာ ဖာဒီနန်က ၂၀၀၄ တုန်းက လီဗာပူးကို အနိုင်ရခဲ့စဉ် အောင်ပွဲခံနေပုံနဲ့အတူ ” ဝင်ဘာလေ ” လို့ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့တာပါ။ အဆိုပါပုံမှာတော့ လီဗာပူးကစားသမားဟောင်း ကာရေဂါလည်း ပါဝင်နေခဲ့တာပါ။

ကာရေဂါကတော့ ဒီပွဲနိုင်လည်း ယူနိုက်တက်ရဲ့ နည်းပြက တန်ဟက်ကြီးပါဆိုတာကို သတိပေးသွားခဲ့တယ်။ ” အေးဆေးပေါ့။ ဖိုင်နယ်မှာ မန်စီးတီးက မင်းတို့ကို အေးအေးဆေးဆေး အနိုင်ယူသွားဦးမှာ။

အဲရစ်တန်ဟက်ကလည်း နောက်ရာသီ ယူနိုက်တက်မှာပဲ ဆက်ရှိနေဦးမှာ။ ဒီနိုင်ပွဲက မင်းတို့ ထင်သလို နိုင်ပွဲမျိုး မဟုတ်ပါဘူး ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ကာ ချယ်ဆီး vs မန်စီးတီး အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။