ပရီးမီးယားလိဂ် ဘောလုံးရာသီသိမ်းဖို့ (၁၀) ပွဲပဲ ကျန်တော့ချိန်မှာ ဘယ်အသင်းက အခက်ခဲဆုံး ပွဲစဉ်ဇယား ပိုင်ဆိုင်ထားလဲ ဆိုတာအတွက် Opta က တွက်ချက်မှု ပြုလုပ်လာပါတယ်။

လီဗာပူးရဲ့ လက်ကျန် ပြိုင်ဘက်တွေထဲမှာတော့ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲ၊ စပါးနဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲတွေဟာ အရေးပါတဲ့ ပွဲစဉ်တွေဖြစ်ကြပါတယ်။

Opta’s supercomputer ကတော့ လီဗာပူးအသင်းဟာ ကြီး ၆ ကြီး စာရင်းဝင် အသင်းတွေထဲမှာ ချယ်ဆီးကလွဲရင် အချောင်ဆုံး ပွဲစဉ် ဇယား ပိုင်ဆိုင်ထားတာပါလို့ ဆိုပါတယ်။

အခက်ခဲဆုံးက အာဆင်နယ်အသင်းဖြစ်ကာ အနောက်မှာတော့ စပါး၊ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူး၊ ချယ်ဆီးတို့ အစဉ်လိုက်ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တောက်လျှောက် ပွဲမကြပ်သလို တောက်လျှောက် ပွဲမချောင်တာမို့ ကောင်းမွန်တဲ့ ပွဲစဉ်ဖြစ်တယ်လို့ တွက်ချက်မှုတွေအရ သိရတယ်။

၎င်းတွက်ချက်မှုမှာတော့ ဖလားလုဘက် အသင်းတွေထဲမှာ လီဗာပူး ပွဲစဉ်တွေက အဆင်အပြေဆုံးဖြစ်ကြောင်းကို ” အင်္ဂလန်အဆင့်မြင့်တန်းရဲ့ ပွဲစဉ်တိုင်းဟာ အံ့ဩသင့်စရာ ရလဒ်နဲ့ စိတ်ဆိုးဒေါသထွက်စရာ ရလဒ်မျိုးတွေ မမြဲတမ်း ထွက်ပေါ်လာတတ်ပါတယ်။

စာရွက်ပေါ်က ပွဲစဉ်ဇယားအဖြစ်ဆိုရင် ရာသီသိမ်းကာလတွေအတွင်း လီဗာပူးအသင်းဟာ အကောင်းဆုံး အနေအထားဖြင့် ရှေ့ဆက်သွားနိုင်မယ့် ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။