ဘရူနို ဖာနန်ဒက်စ် က ဘင်ဖီကာအသင်းမှ သူ့ရဲ့ ပေါ်တူဂီ အသင်းဖော် Joao Neves က ယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မန်စီးတီးအကယ်ဒမီထွက်နဲ့ လက်ရှိ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား Brahim Diaz ကို နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒေါ့မွန်အသင်းကတော့ ဆန်ချို ကို အပြီး ပြန်ခေါ်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေကို နောက်အပတ်ထဲမှာ ပြုလုပ်တော့မှာ ဖြစ်ကာ ထက်ဝက်စျေးနဲ့ ခေါ်ယူလိုနေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်နိုင်ချေ ရှိနေတဲ့ နယူးကာဆယ်အသင်းကနေ ကွင်းလယ်လူ ဂွီးမားရက်စ်ကို ခေါ်ယူလိုနေကြပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန် တိုက်စစ်သမား Donyell Malen အား နွေမှာ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့နွေတည်းက စလို့ သူတို့ တိုက်စစ်လိုင်းကို ဖြည်းဖြည်းချင်း ပြောင်းလဲနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးဟာ ဒီလထဲ ဂါနာအသင်းရဲ့ လူစာရင်း ရွေးချယ်မှု မှာ မထည့်ဖို့ ကိုယ်တိုင် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ရီးရဲလ်ဆိုစီဒက်မှ စပိန်သား ကွင်းလယ် ကစားသမား ဇူဘီမန်ဒီကို နွေမှာ ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းက ရေပန်းစားနေပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်ကို ခေါ်ယူလိုတဲ့ ကလပ် ၅ သင်းထဲမှာ အာဆင်နယ်၊ လီဗာပူးတို့ကလည်း အခြားသော ဥရောပကလပ်တွေနဲ့အပြိုင် ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ် လန်ဒန်အသင်းကြီးတွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့က တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ် ကြယ်ပွင့် ဆက်ကိုအား နွေမှာ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။