FSG ရဲ့ ဘောလုံးဆိုင်ရာ စီအီးအို မိုက်ကယ်အတ်ဝပ်နဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကစလို့ လီဗာပူးအသင်းမှာ အတူ တာဝန်ယူကြတော့မှာ ဖြစ်ပါတယ်။

ပိုစ့်မောက်အသင်းမှာ ရစ်ချက်ဟုချ် ဘောလုံးကစားနေစဉ် အတ်ဝပ်က Chief Analyst အဖြစ် ရှိနေခဲ့ကာ အဲ့ကတည်းက သူတို့ကြား ခင်မင်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း အတ်ဝပ်က လီဗာပူးအသင်း အားကစားဒါရိုက်တာဖြစ်လာပြီး ရစ်ချက်ဟုချ်က ဘုန်းမောက်မှာ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူနေစဉ်မှာလည်း ဆက်ဆံရေးကောင်း ဆက်ရှိခဲ့ကြပါတယ်။

ရစ်ချက်ဟုချ်ဟာ ဘုန်းမောက်အသင်းမှာ ဒေတာအဖွဲ့ကို ဦးစီးခဲ့သူဖြစ်တာကြောင့် အချင်းချင်း အကြံပေးမှုတွေ ရှိခဲ့ကြပါတယ်။ ရစ်ချက်ဟုချ်က သူတို့ ဘုန်းမောက်အသင်း ခေါ်ယူဖို့ ငွေကြေးပိုင်း လိုက်နိုင်မှာ မဟုတ်တဲ့ ကစားသမား ၂ ဦးကို လီဗာပူးအတွက် ခေါ်ဖို့ အကြံပေးခဲ့ပါတယ်။

အီတလီဘောလုံးလောကကို ကျွမ်းကျင်တဲ့ ရစ်ချက်ဟုချ်က ရိုးမားအသင်းမှ မိုဆာလာနဲ့ အယ်လီဆန်တို့ဟာ ထိပ်တန်းအဆင့်တွေထံ ရောက်လာနိုင်တယ်လို့ အတ်ဝပ်ကို အကြံပေးခဲ့တာပါ။ ယာဂင်ကလော့ပ် တောင်ပံသမား တောင်းဆိုလာချိန်မှာ အတ်ဝပ်ကလည်း မိုဆာလာကို ခေါ်ယူဖို့ စည်းရုံးခဲ့ပါတယ်။

ရစ်ချက်ဟုချ်ရဲ့ အရည်အချင်းကို ကောင်းကောင်းနားလည်ထားတဲ့ အတ်ဝပ်ဟာ FSG CEO ဖြစ်လာချိန်မှာ စကော့သားကို လီဗာပူးအသင်းထံ အရခေါ်ယူခဲ့တာ ဖြစ်ပါတယ်။