ဒီအပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေအတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Arsenal vs Luton Town

ဒီအပတ် အာဆင်နယ်အသင်း မှန်ကန်တဲ့ ခံယူချက်တွေနဲ့ ချဉ်းကပ်မယ်ဆိုရင် ဒီပွဲကို အနိုင်ရပါလိမ့်မယ်။ ဒီပွဲမှာ အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။

Prediction: Arsenal 4-0 Luton Town

Manchester City vs Aston Villa

မန်စီးတီးက ၂ သင်းကို အမှီလိုက်ရဖို့ ရှိနေပါတယ်။ ဒဏ်ရာ ပြဿနာတွေနဲ့ မန်စီးတီးအတွက်တော့ ခက်ခဲတဲ့ပွဲပါ။ ဒီပွဲမှာတော့ သူတို့ အနိုင်ရသွားဦးမှာပါ ဒါပေမယ့် သွင်းဂိုး ကြီးကြီးမားမားမျိုးနဲ့ မဟုတ်နိုင်ပါဘူး။

Prediction: Man City 1-0 Aston Villa

Liverpool vs Sheffield United

ပရီးမီးယားလိဂ်က ဒီရာသီ လီဗာပူး အတွက် ပန်းခင်းလမ်း မဟုတ်ပါဘူး။ သူတို့ ဒီအပတ်သာ လူချန်ကစားရင် အနားပေးလိုက်ရင် ပွဲကို ရှုံးသွားနိုင်ပါတယ်။ ဒီပွဲကို နိုင်ပွဲနဲ့ပိတ်နိုင်မှ ပိုကောင်းမှာပါ။ ကျွန်တော်ကတော့ သူတို့ အနိုင်ရမယ်လို့ ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 3-0 Sheffield United

Chelsea vs Man United

ဒီပွဲကို ခန့်မှန်းဖို့က အတော်ကြီး ခက်ခဲပါတယ်။ ဒီပွဲက big game လို့တောင် ပြောလို့ မရတော့ပါဘူး။ ဒီပွဲက လွယ်ကူတဲ့ ပွဲတော့ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ချယ်ဆီးက ဒီပွဲ နိုင်သင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 2-1 Man United

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Newcastle United 3-1 Everton
Nottingham Forest 2-2 Fulham
Burnley 2-1 Wolves
Bournemouth 2-1 Crystal Palace
West Ham 2-1 Tottenham
Brentford 2-1 Brighton