ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ အပြီးမှာ ထိပ်ဆုံး ၃ သင်းကြား ရမှတ်ကွာဟချက်က အမြင့်ဆုံး ၃ မှတ်ပဲကွာဟသေးပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ထိုးတက်သွားတာက လီဗာပူးပဲဖြစ်ပါတယ်။

အချက်အလက်တွေ ကို အခြေခံ တွက်ချက်တဲ့ Opta စူပါကွန်ပျူတာရဲ့ ပွဲစဉ် ၂၉ အပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းမှာ လီဗာပူးက အခြေအနေ အကောင်းဆုံး ဖြစ်သွားပါတယ်။

လက်ကျန်ပွဲစဉ် ၉ ပွဲ ကျန်ရှိချိန်မှာ ထိပ်ဆုံး ၃ သင်းကြား အချင်းချင်းတွေ့ဆုံမှုတွေက ပြီးဆုံးခဲ့ပါပြီ။ ဒါပေမယ့် ကလပ် ၃ သင်းလုံးဟာ စပါး၊ အက်စတွန်ဗီလာတို့လို အသင်းအချို့ကိုတော့ တူညီစွာ ယှဉ်ပြိုင်ရဦးမှာပါ။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေမှာ လီဗာပူးက ၄၆% ထိ တိုးတက်သွားပြီး ဒီရာသီအတွင်း သူတို့ရဲ့ အမြင့်ဆုံး ဖလားအောင်မြင်နိုင်ခြေ ရာခိုင်းနှုန်းကို ရောက်ရှိလာတာပါ။ လီဗာပူးရဲ့ လက်ကျန် ၉ ပွဲမှာ အက်စတွန်ဗီလာ၊ စပါး၊ ယူနိုက်တက် ပွဲစဉ်တွေက အဓိကကျလာဖို့ ရှိပါတယ်။

မန်စီးတီးက အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေပေမယ့် ချန်ပီယံဖြစ်နိုင်ချေက ၃၄.၂ ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။ မန်စီးတီးက ပွဲစဉ်တွေ ချောင်လာခဲ့ပေမယ့် အက်စတွန်ဗီလာ၊ စပါးတို့ကို ယှဉ်ပြိုင်ရဖို့ ရှိနေဆဲဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ၃ သင်းထဲမှာ ချန်ပီယံဖြစ်နိုင်ချေ အနည်းဆုံး အဖြစ် ၁၉.၈% ရှိနေပါတယ်။ အာဆင်နယ်ကတော့ စပါး၊ အက်စတွန်ဗီလာ၊ ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့ ထိပ်တိုက်တွေ့ဦးမှာဖြစ်ပါတယ်။

ဘာမဆိုဖြစ်လာနိုင်တဲ့ ပရီးမီးယားလိဂ်ဟာ နောက်ထပ် ပွဲစဉ်တွေ အပြီးမှာလည်း အမှတ်ပေးဇယား အပြောင်းအလဲတွေ ရှိလာနိုင်နေဆဲပဲ ဖြစ်ပါတယ်။