ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ နည်းပြဟောင်း အန်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ထိပ်တိုက်တွေ့နေပါတယ်။

ကွာတားဖိုင်နယ်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဆီမီးဖိုင်နယ်မှာ အက်သလက်တီကို vs ဒေါ့မွန်အတွဲက အနိုင်ရမယ့် အသင်းနဲ့ ယှဉ်ပြိုင်ပြီး ဖိုင်နယ်တက်ဖို့ အားထုတ်ရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ထံ ဘာစီလိုနာ တက်ရောက်သွားမယ်ဆိုရင် ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ ၄ သင်းထဲက ဘယ်အသင်းနဲ့ ထိပ်တိုက်တိုးချင်လဲလို့ ဘာကာကြယ်ပွင့် ပီဒရီကို မေးခွန်းထုတ်ခဲ့တယ်။

ပီဒရီက ” ဖိုင်နယ်နဲ့ ပတ်သက်ပြီး ကျနော် ဘာစဉ်းစားထားလဲ? ဘာကာ vs စီးတီးလည်း တွေ့ချင်တယ်။ ဘာကာ vs မက်ဒရစ်ဆိုရင်လည်း မဆိုးလှပါဘူး။

ကျနော်တို့က ဘာစီလိုနာပါ။ ချန်ပီယံလိဂ်အကြောင်း ပြောရတာက ရှုပ်ထွေးပေမယ့် ကျနော်တို့ အနိုင်ရချင်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်တွေက ယုံကြည်ချက်တွေ ရှိနေပြီး ချန်ပီယံလိဂ် အောင်မြင်လိုတဲ့ ဆန္ဒတွေ ရှိနေပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ပီဒရီတွေ့ချင်နေတဲ့ ၂ သင်းထဲက မန်စီးတီးဟာ ချန်ပီယံကာကွယ်သူတွေဖြစ်ကာ ရီးရဲလ်မက်ဒရစ်ကလည်း ချန်ပီယံလိဂ်သမိုင်း အောင်မြင်မှု အများဆုံးအသင်း ဖြစ်ပါတယ်။

ပီဒရီကတော့ သူတို့ထဲက တစ်သင်းနဲ့ ဖိုင်နယ်မှာ တွေ့ဖို့အပြင် သူလည်း အမြန်ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့သေးတာ ဖြစ်ပါတယ်။