မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ပွဲမှာ ချယ်ဆီးကို ရှုံးလိုက်တာကြောင့် သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် Top 4 မျှော်လင့်ချက်က အတော်ကြီး မှေးမှိန်လာပြီ ဖြစ်ပါတယ်။

ယူနိုက်တက် အနေနဲ့ ဒီရှုံးပွဲကနေ အမြန်ရုန်းထဖို့ ကြိုးစားရမှာ ဖြစ်ပြီး ဗီလာနဲ့ စပါးကို အမှီလိုက်ကာ အဆင့် ၄ အတွင်း ဝင်နိုင်ဖို့ နည်းလမ်း ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မှာ အဆင့် ၅ ရရင် နောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်ကောင်း ဝင်ခွင့် ရနိုင်ပေမယ့် လက်ရှိ အချိန်ထိ အသေချာဆုံးက အဆင့် ၄ အထိပဲ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာ အတွက် ပြိုင်ပွဲဝင်နေတဲ့ အက်စတွန်ဗီလာ၊ တော့တင်ဟမ် စပါးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ရပ်တည်မှုက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • အဆင့် ၄: Aston Villa, 59 points (31 games)
  • အဆင့် ၅: Tottenham, 57 points (30 games)
  • အဆင့် ၆: Manchester United, 48 (30 games)

လက်ကျန်ပွဲတွေထဲကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို အဆုံးအဖြတ် ပေးသွားနိုငတဲ့ ပွဲတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Man Utd v Liverpool (April 7)
  • Crystal Palace v Man Utd (May 4)
  • Man Utd v Arsenal (May 11)
  • Brighton v Man Utd (May 19)

ပွင့်ပွင့်လင်းလင်း ပြောရရင် ယူနိုက်တက်ရဲ့ top-four ဝင်ခွင့် က ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိတာ မဟုတ်တော့ပေမယ့် မန်ချက်စတာ ကလပ်ဟာ အထက်ပါ ပွဲစဉ်တွေမှာသာ အမှတ်လျော့ မခံဘဲ ၃မှတ်ပြည့်တွေ ရသလောက် ယူနိုင်မယ် ဆိုရင် ဗီလာနဲ့ စပါးတို့ရဲ့ ခြေလှမ်း အမှားကို အခွင့်အရေး ယူနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတင် ယူနိုက်တက်ဟာ ဇယားထိပ်မှာ ရပ်တည်နေတဲ့ မဟာပြိုင်ဘက် လီဗာပူးနဲ့ ရင်ဆိုင်ရမှာပါ။ ယာဂင်ကလော့ပ်ရဲ့ အသင်းကလည်း ချန်ပီယံ ဖြစ်ဖို့ ဆိုရင် ဒီပွဲကို အမှားမခံဘဲ ၃မှတ်ပြည့် အနိုင်ရလဒ် ယူနိုင်အောင် ကြိုးစားလာဖို့ ရှိနေပါတယ်။

top-four ပြိုင်ပွဲကလည်း ရာသီသိမ်းတဲ့နေ့ထိ ဆက်သွားနိုင်ပြီး ယူနိုက်တက်ဟာ မေ ၁၉ ရက်နေ့မှာ ဒီဇာဘီ ရဲ့ ဘရိုက်တန် အသင်းနဲ့ အဝေးကွင်းပွဲ ယှဉ်ပြိုင်ဖို့ ရှိပြီး ဒါကလည်း စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်လာနိုင်ပါတယ်။