မနက်က ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ပွဲကို ၄-၃ ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် သမိုင်း အဆိုးရွားဆုံး မှတ်တမ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁၇ ပွဲထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဘောလုံးရာသီ တစ်ခုအတွင်း အများဆုံး ရှုံးပွဲ ပမာဏကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲရဲ့ ပွဲချိန် ၉၉ မိနစ်ထိ ယူနိုက်တက်တို့ ဦးဆောင်ထားခဲ့ကာ မိနစ် ၉၀ + ၁၀ မိနစ်နဲ့ မိနစ် ၉၀ + ၁၁ မိနစ်တို့မှ ချယ်ဆီးကစားသမား ပါလ်မာရဲ့ ခြေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပေးခဲ့ရတာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ ယူနိုက်တက်ဟာ နောက်အကျဆုံး အနိုင်ဂိုးကို ခွင့်ပြုရတဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ ” ကျနော်တို့ စိတ်ပျက်ပါတယ်။ လက်ခံဖို့လည်း ခက်ခဲပါတယ်။ ပွဲကို နောက်ဆုံးမိနစ် အနားထိ ထိန်းချုပ်ထားပေမယ့် အခွင့်အရေး ၂ ကြိမ်ကနေ ၂ ဂိုး ပေးခဲ့ရပါတယ်။ ” လို့ ထုတ်ဖော်သွားခဲ့ပါတယ်။