BeIN Sports ရဲ့ အစီအစဉ် တင်ဆက်သူ ရစ်ချက်ကီးကတော့ အာတီတာဟာ သူ့ဘာသာ ဘဝင်မြင့်နေပြီး အသင်းလူစာရင်း ရွေးချယ်မှုတွေ ဘယ်လိုလုပ်လုပ် သူလုပ်ရင် ဖြစ်ပါတယ်ဆိုတာ ပြသနေချင်သူလို့ ဝေဖန်လိုက်ပါတယ်။

အက်စတွန်ဗီလာကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ အာတီတာရဲ့ လူစာရင်း ရွေးထုတ်မှုဟာ အတော်လေး ဝေဖန်ခံနေရတာပါ။

ရစ်ချက်ကီးကဆိုရင် “လူတွေက အာဆင်နယ်ရဲ့ နံပါတ် ၉ နေရာ ရွေးချယ်မှုကို ထောက်ပြနေကြတာ ကျနော် သိပါတယ်။ ကျနော်အတွက်တော့ အဲ့တာက ပြဿနာ မဟုတ်ဘူး။

ဟာဗက်ဇ်က ပုံမှန် နံပါတ် ၉ သမား မဟုတ်ပေမယ့်လို့ အဲ့နေရာမှာ ကစားပြီး ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ဂိုး သွင်းခဲ့တယ်။ ပုံစံကောင်းနေတဲ့ ဒီကလန်ရိုက်စ်ကိုကျ အာတီတာက ရုတ်တရတ် ပြောင်းလဲလိုက်တယ်။ ဂျော်ဂျင်ဟိုနဲ့ တွဲကစားစေရင် ရိုက်စ်က သိပ်ကို ခြေစွာတာပါ။

တနင်္ဂနွေနေ့တုန်းကကျတော့ ရိုက်စ်ကို နောက်ပြန်ထားပြီး ဇင်ချန်ကိုကို အတွင်းထဲ ပြေးဝင်ကစားစေတယ်။ အာတီတာက ဘာကြောင့် ဇင်ချန်ကို ကို စွဲလမ်းနေတာလဲ? သူက တကယ်ကြီးကို အဲ့လောက် အရေးပါနေလို့လား?

ရိုက်စ်နေရာမှာ ကျနော်ဆိုရင် ပေါက်ကွဲမိမှာပဲ။ ‘ငါ့ကို သန်း ၁၀၀ လောက်သုံး ခေါ်ထားတာ ဇင်ချန်ကိုအတွက် အိမ်ဖြည့် ကစားပေးဖို့လားဆိုပြီးပေါ့’။ ရိုက်စ်လောက် ဇင်ချန်ကိုက သက်ရောက်မှုရှိရှိ မကစားနိုင်ပါဘူး။

ဇင်ချန်ကို ပါလာတာက ဟာဗက်ဇ်အတွက်လည်း သက်ရောက်ပါတယ်။ တစ်သင်းလုံးရဲ့ ဟန်ချက်အပေါ်လည်း သက်ရောက်သွားတယ်။ အာတီတာက လူစာရင်း ရွေးချယ်ရာမှာ သူက ပက်လောက်ကို တော်တဲ့သူပါလို့ အားလုံးကို မြင်စေချင်နေတာပဲ ဖြစ်လိမ့်မယ် ” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။