အာဆင်နယ်အသင်းဟာ မန်စီးတီးနောက် ၂ မှတ်အကွာကို ရောက်သွားခဲ့ကာ ပွဲကြပ်တွေ ကျန်ရှိနေသေးတာမို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ အခွင့်အရေး နည်းလာခဲ့ပါပြီ။

ဒီကြားရက်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေပြီး ဆီမီးဖိုင်နယ်ကို တက်မလား? ပြိုင်ပွဲကနေ ထွက်ရမလား? အဆုံးအဖြတ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းပွဲစဉ် ရှိပါမယ်။

အဲ့ပွဲအပြင် ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဝုဗ် (အဝေးကွင်း)၊ ချယ်ဆီး (အိမ်ကွင်း)၊ စပါး (အဝေးကွင်း)၊ ဘုန်းမောက် (အိမ်ကွင်း)၊ ယူနိုက်တက် (အဝေးကွင်း)၊ အဲဗာတန် (အိမ်ကွင်း) ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်က

” ကျနော်အတွက်ကတော့ အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက် အဆုံးသတ်သွားပါပြီ။ ၁၀၀% သေချာပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲစဉ် ၃၂ အပြီး Opta ရဲ့ စူပါကွန်ပျူတာကတော့ ချန်ပီယံဖြစ်မယ့် အသင်းကို ခန့်မှန်းရာမှာ မန်စီးတီးက ၇၀.၁%၊ အာဆင်နယ်က ၁၈.၃% ၊ လီဗာပူးက ၁၁.၇% အဖြစ် ခန့်မှန်းပေးခဲ့ပါတယ်။