မနက်က ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်းက ၆ ဂိုးပြတ် အနိုင်ရခဲ့သလို ပါလ်မာဟာ ကိုယ်တိုင် သွင်းဂိုး ၄ ဂိုး သွင်းယူခဲ့ပါတယ်။

ဒီရာသီစက မန်စီးတီးကနေ ချယ်ဆီးအသင်းကို ပြောင်းလာခဲ့တဲ့ ပါလ်မာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်သွားခဲ့ပြီဖြစ်ကာ ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုအတွင်း ဟာလန်းနဲ့ သွင်းဂိုး တူညီသွားခဲ့ပါပြီ။

မနှစ်ကရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၆ ဂိုး သွင်းယူပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ကို စိုက်ထူးထားတဲ့ ဟာလန်းဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ သူဟာ ခြေစွမ်းကျဆင်းမှုတွေရှိနေပေမယ့် သွင်းဂိုး ၂၀ ထိ သွင်းယူထားသေးတာပါ။

ဟာလန်းကို အနီးကပ် ဖိအားပေးနေသူတွေထဲ ပါလ်မာအပြင် အက်စတွန်ဗီလာ တိုက်စစ်သမား ဝတ်ကင်လည်း ပါဝင်လာပါတယ်။ အင်္ဂလန်သား တိုက်စစ်မှူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုးထိ ရယူထားပါပြီ။

အက်စတွန်ဗီလာကို ထိပ်ဆုံး ၄ သင်းစာရင်းထဲ ပါဝင်လာအောင် ထမ်းတင်ပေးနေတဲ့ ဝတ်ကင်ဟာလည်း ပါလ်မာနည်းတူ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားလာနေတာပဲ ဖြစ်ပါတယ်။