အာဆင်နယ်အသင်းဟာ ဒီနွေမှာ တိုက်စစ်မှူးသစ် ခေါ်ယူလိုနေကာ ဘရန့်ဖိုဒ့်အသင်းမှ တိုနေးအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲ့အစား ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း တိုက်စစ်မှူး အိုင်ဆက်နဲ့ အက်စတွန်ဗီလာမှ ဝတ်ကင်တို့ကို ပိုမို သဘောကျလာနေပါတယ်။ ၎င်းတို့ နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးတွေက စျေးပေါမှာတော့ မဟုတ်ပါဘူး။

နယူးကာဆယ်က သူတို့ တိုက်စစ်မှူးကို မရောင်းချလိုတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက် စျေးခေါ်နိုင်ပါတယ်။ အက်စတွန်ဗီလာကလည်း အသက် ၂၈ နှစ်အရွယ် ဝတ်ကင်အတွက် ပေါင် ၆၅ သန်း အထက်ကို လိုချင်နေပါတယ်။

နယူးကာဆယ် အသင်းဟာ နောက်ဆုံးထွက်ထားတဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ အရ ပေါင် သန်း ၁၅ဝ အရှုံးပေါ်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှာမို့ အလန်ရှီးယားနောက်ပိုင်း နယူးကာဆယ်အတွက် တစ်ရာသီ သွင်းဂိုး ၂၀ အထက် သွင်းနိုင်တဲ့ အိုင်ဆက်ကို ထွက်ခွင့်ပေးရနိုင်ပါတယ်။

အာတီတာတို့ကတော့ လောလောလတ်လတ်ပဲ အာဆင်နယ်ပရိသတ်တွေကို အသဲခွဲထားပေမယ့် ပင်နယ်တီ မပါဘဲကို ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ရထားတဲ့ ဝတ်ကင်ကို တိုက်စစ်အတွက် မျက်စိကျနေတာပါတယ်။