ဒီနွေမှာ လီဗာပူးအသင်းကို မန်နေဂျာသစ် ဝင်ရောက်လာပြီး ခေတ်သစ်တစ်ခုကို စတင်မှာဖြစ်ပေမယ့် အသင်းဟာ ဆုဖလား စိန်ခေါ်နိုင်စွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ထရန့်က မျှော်လင့်နေပါတယ်။

ထရန့်က “ မန်နေဂျာသစ် ဝင်လာမှာနဲ့ ပတ်သက်ပြီး ကျနော်မှာ ကြားနေအမြင် ရှိထားပါတယ်။ မန်နေဂျာသစ် ရောက်လာတာက လုံးဝကြီး ခြားနားတဲ့ အခြေအနေတစ်ရပ် ဖြစ်နေလိမ့်မယ်။

အခုချိန်မှာ ဘာမှ မပြောနိုင်သေးပေမယ့် ရာသီကြိုမှာ ကစားပုံအသစ်ကို အခြေကျဖို့ ကြိုးစားရတာက ထူးဆန်းပါလိမ့်မယ်။ နွေရာသီကြိုမှာတော့ အားလုံးက အရမ်းကို ခြားနားနေမှာပါ။ ထူးလည်း ထူးဆန်းနေပါလိမ့်မယ်။

အသင်းအတွက် ကစားသမားတွေအတွက် ကလပ်အတွက် စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်ရမှာကို ကျနော် သဘောကျပါတယ်။ အသင်းကို မန်နေဂျာသစ် ရောက်လာပြီး ကစားဟန်တွေကို ပြောင်းလဲလိုက်မှာက လုံးဝ အသစ်တွေ ဖြစ်လာပါလိမ့်မယ်။

ကစားသမားတွေအဖို့ ပွဲတွေကို အနိုင်ယူဖို့ စိတ်အားထက်သန်ခြင်းက ဖိအား မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အပေါ်မှာ ရှိနေတဲ့ ဖိအားတွေ၊ အနိုင်ဖို့ရာ တောင်းဆိုမှုတွေနဲ့အတူ နောက်ရာသီမှာ မန်နေဂျာ ဘယ်သူပဲဖြစ်လာလာ ဆုဖလား ဆက်လက် စိန်ခေါ်နိုင်ရေး ကြိုးစားရမှာပါ။

မန်နေဂျာ ဘယ်သူပဲဖြစ်လာလာ ကျနော်တို့ အဝတ်လဲခန်းက အနိုင်လိုစိတ် ရှိနေသမျှတော့ အနိုင်ရဖို့ ကြိုးစားနေမှာပါပဲ။ အောင်နိုင်လိုစိတ်နဲ့အတူ မန်နေဂျာသစ်ရဲ့ ကစားဟန်အတိုင်း ပြောင်းလဲလာရမှာပါ။ အဲ့အတွက်ပဲ အကူးအပြောင်းကာလ လိုအပ်တာပါ။ ” လို့ ဆိုသွားခဲ့ပါတယ်။

လာမယ့်ရာသီ လီဗာပူးအသင်းကို ဦးဆောင်မယ့်သူဟာ အမ်မိုရင်း ဖြစ်လာမယ်လို့ သတင်းကြီးနေခဲ့ကာ ပေါ်တူဂီသား နည်းပြဟာ ၃-၄-၃ ကစားကွက်ကို နှစ်သက်သူ တစ်ဦးပဲ ဖြစ်ပါတယ်။