စကိုင်းစပေါ့ ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အတွက် သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝက်ဖို့ Vs မန်စီးတီး/ (ဒီဇင်ဘာ ၅၊ ဗုဒ္ဓဟူးနေ့မနက်၊ ၂း၃၀ နာရီ)

ဝက်ဖို့ လက်စတာမှာ သွားကန်တဲ့ပွဲကို ကျနော် ကြည့်လိုက်ရတယ်.. သူတို့ အိမ်အပြန်လမ်းမှာ ငါတို့ ဘယ်လိုတောင် ရှုံးသွားတာလဲ တွေးနေမယ် ထင်တယ်။ သူတို့မှာ အခွင့်အရေးတွေ တစ်ခုပြီး တစ်ခုကိုရတယ်.. အဆိုးဆုံးက ကပ်စ်ပါ ရှာမိုက်ကယ် ကာကွယ်မှု တစ်လုံးတစ်လေတောင် မလုပ်လိုက်ရဘူး.. တော်တော်ဆိုးတဲ့ အဆုံးသတ်အရည်အချင်းပဲ။

ကြီး ၆ ကြီး အပြင်မှာ မန်စီးတီးကို နိုင်မယ့် အသင်းလည်း မမြင်မိဘူး။ ဘုန်းမောက်နဲ့ပွဲမှာ သူတို့ အကောင်းဆုံး အနေအထား မဟုတ်တာတောင် လိုအပ်တဲ့အနိုင်ရလဒ်ကို ပြတ်ပြတ်သားသား ဖော်ဆောင်သွားနိုင်သေးတယ်။ ကွင်းထဲမှာ သူတို့ ပုံဖော်သလို ကစားမရရင် အရန်ခုန်ကနေ စတားပလေယာတစ်ယောက် ခေါ်လာဖို့ ပက်မှာ အင်အားကလည်း တောင့်တင်းပါသေးတယ်။ မန်စီးတီး တစ်ရာသီလုံး ရှုံးပွဲ မရှိဖြစ်သွားရင်တောင် အံ့သြစရာ မဟုတ်ဘူး။

ခန့်မှန်းရလဒ်။ ။ ၀က်ဖို့ 1-3 မန်စီးတီး

ဘုန်းမောက် Vs ဟက်ဒါဖီး/  (ဒီဇင်ဘာ ၅၊ ဗုဒ္ဓဟူးနေ့မနက်၊ ၂း၁၅ နာရီ)

ဘုန်းမောက်က မန်စီးတီးနဲ့ ပွဲမှာ နည်းနည်း ကံခေသွားတယ် ဆိုရမယ်.. သူတို့ ကောင်းကောင်း ကစားနိုင်ခဲ့သလို အခွင့်ကောင်းတွေလည်း ဖန်တီးနိုင်ခဲ့တယ်။ သူတို့ ဒီပွဲမှာတော့ နိုင်လိမ့်မယ် ထင်တယ်။ ဒီပွဲမှာ ဒေးဗစ်ဝဂ်နာရဲ့ အသင်း မလွယ်ဘူး ယူဆပါတယ်။

ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 3-0 ဟက်ဒါဖီး

ဘရိုက်တန် Vs ခရစ္စတယ်ပဲလေ့စ်/ (ဒီဇင်ဘာ ၅၊ ဗုဒ္ဓဟူးနေ့မနက်၊ ၂း၁၅ နာရီ)

နှစ်သင်းလုံးအတွက် ပွဲကြီးပွဲကောင်းပါ.. ခရစ္စတယ်ပဲလေ့စ်က ပြီးခဲ့တဲ့ပွဲမှာ ဘန်လေကို နိုင်ခဲ့တယ် တော်တော်လည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဒီပွဲမှာတော့ သရေက နှစ်သင်းလုံးအတွက် မျှတနိုင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 1-1 ခရစ္စတယ်ပဲလေ့စ်

ဝက်စ်ဟမ်း Vs ကားဒစ်ဖ်/ (ဒီဇင်ဘာ ၅၊ ဗုဒ္ဓဟူးနေ့မနက်၊ ၂း၁၅ နာရီ)

ပြီးခဲ့တဲပွဲမှာ ၀က်စ်ဟမ်းက နယူးကာဆယ်ကို ၃ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တယ်။ အဲဒီပုံစံမျိုး ဒီပွဲမှာလည်း ဆက်လက် လုပ်ဆောင်နိုင်လိမ့်မယ် မျှော်မှန်းမိတယ်။ အသင်းငယ်တွေနဲ့ ကစားပုံ သိပ်အကောင်းကြီး မဟုတ်ဘဲ အသင်းကြီးတွေဆို ဒုက္ခပေးတဲ့ ပယ်လီဂရီနီရဲ့ အသင်းဟာ ဘယ်လို ထုံးစံတွေ ရှိရှိ ကားဒစ်ဖ်ကိုတော့ ကောင်းကောင်း ထိန်းနိုင်မှာပါ။ ကားဒစ်ဖ်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု များများစားစားလည်း ရနိုင်မယ် မထိဘူး.. ၀ုဗ်နဲ့ ပွဲမှာ အားကုန်ထုတ်ကန်ထားလို့ တော်တော်လည်း ပွဲပန်းမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 3-0 ကားဒစ်ဖ်

မန်ချက်စတာယူနိုက်တက် Vs အာဆင်နယ်/ (ဒီဇင်ဘာ ၅၊ ဗုဒ္ဓဟူးနေ့မနက်၊ ၂း၃ဝ နာရီ)

အတိတ်ကာလတွေမှာတုန်းက ယူနိုက်တက်ရဲ့ အိုထရတ်ဖိုဒ့်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံကစားခဲ့စဉ် ဧည့်သည်အသင်းဟာ ပုံစံကောင်းတွေ ပြသခဲ့တာတွေရှိတယ်။ ဒါပေမယ့်လည်း ပွဲရလဒ်မှာသော အရေးနိမ့်ခဲ့တယ်။ ဒါပေမယ့်လို့ ယူနိုက်တက်က ပွဲအဖြေကို အပြောင်းအလဲဖြစ်စေဖို့နဲ့ တော်တင်ဟမ်ကို အနိုင်ယူထားတဲ့ အာဆင်နယ်ကို တုန့်ပြန်ပြီး အနိုင်ရယူဖို့ မမြင်ပါဘူး။ ယူနိုက်တက်က အာဆင်နယ်ကို အနိုင်မရနိုင်ပါဘူး။

အူနိုင်းအမ်မရီရဲ့ အသင်းဟာ တော်တင်ဟမ်ကို ရင်ဆိုင်တုန်းကလို ပွဲကို အဆုံးသတ်ဖို့ မျှော်လင့်ပါတယ်။ ယူနိုက်တက်ကို ပြဿနာတွေပေးဖို့က တိုက်စစ်ပိုင်းမှာ အူဘာမီယန်နဲ့ လာကာဇက်တီတို့ကို တွဲဘက်စေလိုက်ယုံပါပဲ။

စနေနေ့က ဆောက်တမ်တန်ကို ယူနိုက်တက်တို့ 2-2 ပြန်ကစားနိုင်တုန်းက တစ်သင်းသော နိုင်ခဲ့သင့်တာပါ။ ဒါပေမယ့် ယူနိုက်တက်အတွက်က သရေပြန်ကျတာကိုပဲ ကျေနပ်နေခဲ့ရတယ်။ ဒါဟာ အတိတ်က အားလုံးသိခဲ့တဲ့ ယူနိုက်တက်နဲ့ အဓိက ကွာခြားမှုဆိုတာ အမှတ်ရဖို့ လိုပါတယ်။ ယူနိုက်တက်ဆိုတဲ့ အသင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် ကစားသမားတွေကတော့ တူညီတဲ့ အဆင့်အတန်းမှာ ရှိမနေတော့ပါဘူး။ ဒါက ပြဿနာပါ။ ဒါကပဲ ဂန်းနားတို့ စိတ်ထဲမှာ သိထားရမယ့် အရာပါ။ ယူနိုက်တက်က အတိတ်ကလို အသင်းမဟုတ်တော့တာကြောင့် သူတို့ဟာ ထိပ်ဆုံးလေးသင်းထံ တက်ရောက်နိုင်ဖို့ရာ ဘာလုပ်ရလုပ်ရ လုပ်မယ့်အသင်းဖြစ်ပါတယ်။

ခန့်မှန်းရလဒ်။ ။ မန်ချက်စတာယူနိုက်တက် 1-2 အာဆင်နယ်

တော့တင်ဟမ်စပါး Vs ဆောက်သမ်တန်/ (ဒီဇင်ဘာ ၆၊ ကြာသပတေးနေ့မနက်၊ ၂း၃ဝ နာရီ)

ထိပ်ဆုံး လေးသင်း အပြင်ရောက်သွားပြီ ဖြစ်တဲ့ စပါးက ရှုံးပွဲကနေ ပြန်ထလာနိုင်ဖို့ လိုနေပါတယ်။ တစ်ပတ်ပြီး တစ်ပတ် ရလဒ်အပြောင်းအလဲတွေ ဖြစ်တိုင်း အမှတ်ပေးဖလား စိန်ခေါ်သူတွေ ဟိုအသင်းပါလိုက် ဒီအသင်းပါလိုက် ဖြစ်နေတာတော့ ရယ်စရာပါ။ ဒါကပဲ ပရီးမီးယားလိဂ် ခက်ခဲမှု စိန်ခေါ်မှုပေါ့။ အာဆင်နယ်နဲ့ပွဲ အစောပိုင်း မိနစ် ၂၀ မှာ ချယ်ဆီးနဲ့ပွဲကလို ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ဒီပွဲကို နိုင်ပြီ ထင်ခဲ့ကြမှာပါ။ ဆောက်သမ်တန်နဲ့ပွဲ ကတော့ အမ်းမရိတ်မှာ မကျေခဲ့သမျှ ပြန်ချေပြီး အနိုင်ယူနိုင်မယ် ယူဆပါတယ်။

ဆောက်သမ်တန်ကတော့ ယူနိုက်တက်ကို ၂ဂိုးစီ သရေကျတဲ့ပွဲအပြီးမှာ မန်နေဂျာ မာ့ဟုခ်ျကို ရာထူးက ထုတ်ပယ်လိုက်ပါပြီ။ အသင်းကို ပဲ့ကိုင်မယ့်သူ မရှိဘဲ ဒီပွဲကို ကစားရမှာ စိန့်တွေအတွက် ခက်ခဲပါလိမ့်မယ်။ ဒီပွဲပြီးရင် အာဆင်နယ် မန်စီးတီးတို့ကိုလည်း ဒီလထဲ ကစားဖို့ ရှိတော့ ဆောက်သမ်တန်အတွက် စိုးရိမ်စရာပါ။

ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ်စပါး 3-0 ဆောက်သမ်တန်

ဘန်လေ Vs လီဗာပူး/ (ဒီဇင်ဘာ ၆၊ ကြာသပတေးနေ့မနက်၊ ၂း၁၅ နာရီ)

လီဗာပူးအနေနဲ့ အဲဗာတန်နဲ့ပွဲမှာ အမှတ်လျော့လုနီးနီး ဖြစ်ခဲ့ပေမယ့် အဆုံးမှာ လိုချင်တဲ့ အနိုင် ၃မှတ် ရရှိသွားခဲ့တယ်။ သူတို့က မန်စီးတီးအနောက်မှာ ဆက်လက် ဖိအားပေးနေဆဲပါ။ ဒီပွဲမှာ လီဗာပူးအနိုင်ကလွဲလို့ တခြား ရလဒ် မမြင်မိပါဘူး။ ဘန်လေဟာ အသင်းကောင်း တစ်သင်းပါ ဒါပေမယ့် အဆင့် ၁၉ တန်းဆင်းဇုန်ထဲ ရောက်နေတာ အံ့သြစရာပါ ။ လီဗာပူးအနေနဲ့ ပေါ့ပေါ့လျော့လျော့ ကစားရင်တော့ ခံစားရနိုင်ပါတယ်.. ဘန်လေ ပြီးခဲ့တဲ့ရာသီက ပွဲတွေ သူတို့ သေချာ ပြန်လေ့လာဖို့ လိုပါမယ်။

ခန့်မှန်းရလဒ်။ ။ ဘန်လေ 0-2 လီဗာပူး

အဲဗာတန် Vs နယူးကာဆယ်/ (ဒီဇင်ဘာ ၆၊ ကြာသပတေးနေ့မနက်၊ ၂း၁၅ နာရီ)

အဲဗာတန်က လီဗာပူးနဲ့ပွဲမှာ တကယ်ကောင်းခဲ့တာပါ.. ပစ်ဖို့ဆီက အမှားတစ်ချက်ကပဲ ကံကြမ္မာကို အပြောင်းအလဲ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ပစ်ဖို့က တကယ်တော်တဲ့ ဂိုးသမား .. ကန်သွင်းမှုတွေကို ကာကွယ်နိုင်သူ ဖြစ်ပါတယ်.. ဒါပေမယ့် ဒီအမှားကတော့ အာရုံစိုက်မှု လိုသွားလို့လို့ ပြောရပါလိမ့်မယ်။ စွမ်းဆောင်ရည်ပိုင်း တစ်သင်းလုံး ကျစ်လစ်မှု ရှိခဲ့တဲ့ အဲဗာတန်အသင်းဟာ နယူးကာဆယ်အတွက် သိပ်ကောင်းလွန်းတဲ့ ပြိုင်ဘက် ဖြစ်နေပါတယ်။

ခန့်မှန်းရလဒ်။ ။ အဲဗာတန် 2-0 နယူးကာဆယ်

ဖူလ်ဟမ် Vs လက်စတာ/ (ဒီဇင်ဘာ ၆၊ ကြာသပတေးနေ့မနက်၊ ၂း၁၅ နာရီ)

ဖူလ်ဟမ် ချယ်ဆီးကို ကန်ခဲ့တာ ကျနော် ကြည့်ဖြစ်ခဲ့တယ်.. သူတို့ ကစားတာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် လက်စတာနဲ့ပွဲမှာတော့ ကောင်းရုံတင်မကဘူး အနိုင်ရဖို့ပါ လိုပါတယ်။ လက်စတာက ၀က်ဖို့နဲ့ပွဲမှာ သူတို့ အကောင်းဆုံး ပုံစံနဲ့ ကစားခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ ဘောလုံးကိုင်ထားတာက ဖူလ်ဟမ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခံစစ်ပိုကောင်းတဲ့ လက်စတာကတော့ ပိုသာတယ် ပြောရမှာပါ။

ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 1-2 လက်စတာ

ဝုဗ် Vs ချယ်ဆီး/ (ဒီဇင်ဘာ ၆၊ ကြာသပတေးနေ့မနက်၊ ၂း၁၅ နာရီ)

ဝုဗ်က နည်းနည်းတော့ ရယ်ရတယ်.. ကျနော် သူတို့ပွဲတွေ ကြည့်တော ခြေစွမ်း မဆိုးဘူးတွေးမိပေမယ့် ရလဒ်တွေ ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၆ပွဲမှာ သူတို့ တစ်မှတ်ပဲ ရထားတယ်။ ဒါက အသင်းကောင်းပုံစံတော့ မဟုတ်ဘူးပေါ့။ အခု ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ၀ုဗ်အနေနဲ့ ဆာရီလက်ထဲကနေ ရမှတ် လုယူနိုင်မယ်တော့ မထင်ပါဘူး။

ခန့်မှန်းရလဒ်။ ။ ၀ုဗ် 1-3 ချယ်ဆီး