လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးရဲ့ အသက် ၂၀ အရွယ်မှာ သူ ရယူခဲ့တဲ့ အောင်မြင်မှုတွေက အသိအမှတ်ပြု ချီးကျူး ခံရထိုက်တယ်လို့ ထရန့်ကဲ့သို့ လီဗာပူးအကယ်ဒမီထွက် လက်ရှိ ၀ုဗ်အသင်းမှာ ကစားနေတဲ့ ကော်နာ ကုတ်ဒီက ချီးကျူး စကား ဆိုလိုက်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ၀င်ခဲ့တဲ့ အပြင် လီဗာပူးနဲ့ ယှဉ်ပြိုင်ဖို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့တဲ့နောက် စပါးတိုက်စစ်သမား ဆွန်ယောင်မင်ကတော့ နောက်ဘောလုံးရာသီမှာ ဒိထက် ပိုမိုတဲ့ အောင်မြင်မှုတွေ အလိုရှိကြောင်း ပြောကြားလိုက်ပါတယ်။

လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်တော့မယ့် ရှက်ဖီးယူနိုက်တက်မှာ ကစားနေတဲ့ မာဆေးဆိုဒ်သား ခံစစ်မှူး Jack O’Connell က လီဗာပူး အမာခံ ပရိသတ်ဖြစ်ပြီး လီဗာပူးကသာ ကမ်းလှမ်းမှုတွေ လုပ်လာခဲ့ရင် ငြင်းပယ်နိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ အလေးအနက်ထား ချိတ်ဆက်ခဲ့ကြတဲ့ နယ်သာလန်သား ခံစစ်သမား ဒီလစ်ဟာ စီးရီးအေကလပ် ဂျူဗင်တပ်နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုကို ခေါ်ယူဖို့ ယူနိုက်တက်အပြင် ချယ်ဆီးကလည်း စိတ်ဝင်စားနေတဲ့ အနေအထား ဖြစ်ပေမယ့် ကွင်းလယ်ဖန်တီးရှင်ဟာ မထင်မှတ်ပဲ လီဗာပူးကို ပြန်ရောက်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

လီဗာပူးဆိုင်ရာ သတင်းပြန်ကြားသူအဖြစ် မာဆေးဆိုဒ် သတင်းဌာနမှာ ၈ နှစ်ခွဲကြား အလုပ်လုပ်ကိုင်ခဲ့တဲ့ နာမည်ကျော် လီဗာပူးသတင်းထောက် James Pearce ဟာ သူ့ရဲ့ လက်ရှိ တာဝန်ကနေ ဂျူလိုင်လ ၅ ရက်နေ့မှာ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်အသင်း နည်းပြ ဖြစ်သူကတော့ ၄င်းအသင်းသား၊ လီဗာပူး တောင်ပံတိုက်စစ်သမား ဆာဒီယိုမာနေးက အာဖရိကဖလား ပြိုင်ပွဲမှာသာ အောင်မြင်မှုရရင် ဘလွန်းဒီအော ဆုကိုပင် ရရှိသင့်သူ ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။ မာနေးရဲ့ ဒီနှစ်အတွင်း ထူးချွန်တဲ့ ခြေစွမ်းက ဒီဆုနဲ့ ထိုက်တန်တယ်လို့ ဆီနီဂေါနည်းပြ Aliou Cisse က ယုံကြည်နေတာပါ။

နယ်သာလန်နဲ့ လီဗာပူးအသင်း တိုက်စစ်သမားဟောင်း ဒါ့ကောက်က အင်္ဂလိပ် ဘောလုံးကလပ် တစ်ခုမှာ အစုရှယ်ယာ ဝယ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခြင်းခံရတဲ့ ဘရာဇီး ကွင်းလယ်ဖန်တီးရှင် ကော်တင်ညိုက သူ့ရဲ့အနာဂတ်ဟာ ကက်တလန်ကလပ်မှာ ဆက်ရှိနေဖို့ မသေချာတဲ့အကြောင်းကို ဝန်ခံစကား ပြောဆိုလာခဲ့ပါတယ်။