လီဗာပူးခံစစ်မှူး နေသန် ကလိုင်းက ခရစ္စတယ်ပဲလေ့စ် အသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ၄င်းက ပြီးခဲ့တဲ့ ရာသီဝက် ဘုန်းမောက်မှာ အငှား သွားရောက် ကစားခဲ့သူပါ။ ပဲလေ့စ်က ၄င်းတို့ ကစားသမား ၀မ်ဘစ်ဆာကာ ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင်း ကလိုင်းကို ကြိုးစားလာဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်း စီအီးအို ပီတာမိုးက ” ဒီလို ထူးချွန်တဲ့ အသင်းဆီကနေ အများကြီး မျှော်လင့်စရာတွေ ရှိပါသေးတယ်။ ပြောရတာ လွယ်တယ် လုပ်ရခက်တယ် ဆိုပေမယ့် ကျနော်တို့ အသင်း ဆုဖလားတွေ အများကြီး ရယူရတာ မြင်ကြရဦးမှာ။” လို့ ဆိုပါတယ်။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ မိန့်ဇ်အသင်းကို ဆက်သွယ်ပြီး အိုင်ဗရီကို့စ်သား ဗဟိုခံစစ်မှူး Jean-Philippe Gbamin ကို ခေါ်ယူဖို့ မေးမြန်းခဲ့ကြောင်း ကစားသမား အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ Gbamin က ဗဟိုခံစစ်အပြင် ကွင်းလယ်ခံစစ်ထိပါ တက် ကစားနိုင်သူပါ။

လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ အန်ဖီးမှာ အချိန်ကြာလာတာနဲ့အမျှ ပိုကောင်းလာတာနဲ့အတူ ပေါင် ၆၅ သန်းတန် ကစားသမားရဲ့ အံ့အားသင့်ဖွယ် အရည်အသွေးတွေကို လီဗာပူး ဂိုးသမားဟောင်း Chris Kirkland က လေးစားနေတာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အတွေ့အကြုံ ရှိတဲ့ အသက် ၃၁နှစ်အရွယ် ဂိုးသမား မင်ညိုလက် အနေနဲ့ ပုံမှန် ပွဲကစားချိန် လိုအပ်နေတာနဲ့အတူ သူက နွေရာသီမှာ ထွက်ခွာဖို့ မျှော်လင့်ရပါတယ်။ မင်ညိုလက်ရဲ့ ပွဲကစားချိန် ပိုရချင်တဲ့ သူ့ဆန္ဒကြောင့် လက်ရှိအပြောင်းအရွှေ့ ကာလအတွင်း လီဗာပူးဟာ တခြား ဂိုးသမားတွေနဲ့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လိဂ်မှာ နေရာတစ်နေရာအတွက် စတင်ထိုးဖောက်လာပြီဖြစ်တဲ့ လူငယ် ၁၀ ဦး စာရင်းမှာတော့ လီဗာပူးမှ ခံစစ်သမား ဟိုဗာ ပါဝင်လာပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ ပန်းတိုင်၊ နိဂုံး အဆုံးသတ် မဟုတ်ဘဲ အားလုံးကို လွှမ်းမိုးဦးမယ့် လီဗာပူး ခေတ်သစ် တစ်ခုရဲ့ အစ ကနဦးသာ ဖြစ်ကြောင်း ပြိုင်ဘက်အသင်းများကို သတိပေးစကား ဆိုလိုက်ပါတယ်။

” ကျနော်တို့ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားကြီးပိုက်ပြီး သွားခဲ့တဲ့ မှော်ဝင် ဆန်းဒေးတုန်းက ကျနော် အကျယ်လောင်ဆုံး ကြားနေရတာ ‘We’re never gonna stop!’ ငါတို့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး ဆိုတဲ့ အသံတွေပဲ။ ဒါက ကျနော်တို့ ကလပ်အသင်း ရှင်သန်နေတဲ့ ၀န်းကျင်ပါ။ ဇွန်လ ၁ ရက်နေ့မှာ ကျနော်တို့ ဆာလောင်မှုနေတဲ့ အောင်ပွဲ ခံ အခိုက်အတန့်တွေ ဆီ ရောင်ရှိခဲ့တယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။