ဒါဘီအသင်းခေါင်းဆောင်ဟောင်း၊ လက်ရှိ ဒါဘီအသင်း သံတမန်ရာထူးကို တာဝန်ယူထားတဲ့ မိုက်ကန် ဂျွန်ဆင်က ဖရန့်လမ်းပတ်ကို ခေါ်ယူဖို့ ကြိုးစားမှုမှာ ဒါဘီအသင်းကို လေးစားမှု ထားဖို့ ချယ်ဆီးအသင်းအား တိုက်တွန်းသွားပါတယ်။

ချယ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ ဖရန့်လန်းပတ် ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းကို အငှားထွက်ကစားနေခဲ့တဲ့ အသက် ၂၀ အရွယ် လူငယ်ကွင်းလယ်ကစားသမားလေး မေဆန်မောင့် အနေနဲ့ ချယ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါက ကွင်းလယ်လူ ဘာကလေနဲ့ နေရာလုရဖွယ် ရှိနေပါတယ်။

အီဒင်ဟာဇက်က ချယ်ဆီးအသင်းအတွက် ဂန္တ၀င် ကစားသမား အဖြစ် ရှိနေမှာ ဖြစ်ပြီး ဘယ်လ်ဂျီယံသားကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားသမား ရှာဖို့ လွယ်ကူမှာ မဟုတ်ကြောင်း ချယ်ဆီး တိုက်စစ်မှူးဟောင်း ဒရော့ဘာက ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လမ်းပတ်ကို နည်းပြ အဖြစ် တရားဝင် မကြေငြာနိုင်သေးဘဲ ကြံ့ကြာနေတာက ချယ်ဆီး ကစားသမားတွေ အနေနဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချက်ရန်ေ၀၀ါးခက်ခဲနေစေပါတယ်။

အင်္ဂလန်လိဂ်မှာ နေရာတစ်နေရာအတွက် စတင်ထိုးဖောက်လာပြီဖြစ်တဲ့ လူငယ် ၁၀ ဦး စာရင်းမှာတော့ ချယ်ဆီးမှ အိုဒွိုင်း၊ အမ်ပါဒူးတို့ ပါဝင်လာပါတယ်။

ဘရစ္စတိုစီးတီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ကို အငှားသွားရောက် ကစားခဲ့ဖူးတဲ့ လူငယ်တိုက်စစ်မှူး အေဘရာဟမ်ဟာ ယခုအခါမှာတော့ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းနဲ့ တန်းတက်လာပြီဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ အေဘရာဟမ်ရဲ့ ခြေစွမ်းကတော့ တကယ့်ကို အထင်ကြီးစရာပါ။

မိုရာတာ အက်သလက်တီကိုအသင်းကို အငှားသွားရောက် ကစားနေပြီး တိုက်စစ်မှူး ရှားပါးနေတဲ့ ချယ်ဆီးဟာ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းနဲ့ တန်းတက်လာအောင် ကြိုးစားနိုင်တဲ့ လူငယ်ကစားသမားလေး အေဘရာဟမ်ကို အသင်းမှာ ဆက်ထိန်းပြီး နေရာပေးဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီ အဲဗာတန်အသင်းကို အငှားထွက်ကစားခဲ့တဲ့ ဇူးမားရဲ့ခြေစွမ်းကို မာဆေးဆိုဒ်ကလပ်က သဘောတွေ့နေပြီး ပြင်သစ်သားကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းလာနေပါတယ်။