အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စည်းမျဉ်းတွေနဲ့ အဆင်မပြေတဲ့ သူတွေကို ပြတ်ပြတ်သားသား ရှင်းထုတ်ပြီး အနာဂတ်အတွက် တည်ဆောက်မှုသစ်တွေကို ပြုလုပ်ရမယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

နဗီးက အသင်းမှာ ခေါင်းဆောင်မှုအရည်အသွေး ကင်းမဲ့နေတာကို ပြသနာတစ်ခု အဖြစ် သဘောထားခဲ့ပြီး သူတို့တုန်းက အချိန်တွေနဲ့စာရင် အခုက သိသိသာသာ ဆိုးဝါးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

” ပထမ အသင်းမှာ ကျနော် စကစားခဲ့တော့ ပေါလ်အင့်စ်နဲ့ ရွိုင်ကိန်းတို့လို ကစားသမားတွေ ရှိခဲ့တယ်။ ဆိုးဝါးတဲ့ ပေးပို့မှုတစ်ခု လုပ်ရင် အပြစ်ကြီးလုပ်လိုက်သလို သတ်မှတ်ခံခဲ့ရတာ။ အခု မန်ချက်စတာ ယူနိုက်တက်မှာ အုပ်ထိန်းတဲ့သူတွေ မရှိဘူး။ ”

“ လုံးဝကို မရှိတာတော့ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ကောင်း တချို့ ရှိတယ်။ ဒါပေမယ့် သူတို့က အဝတ်လဲခန်းထဲမှာ လွှမ်းမိုးမှု မလုပ်နိုင်ဘူး။ ဒါက တကယ့်ပြသနာပါ။ အဝတ်လဲခန်းထဲက အုပ်ထိန်းသူတွေက စံပြ မဖြစ်နိုင်ရင် မင်းမှာ ပြသနာကြီး ရှိနေပြီး သူတို့ကို ရှင်းထုတ်ဖို့ လိုပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

နဗီးက သူ့အသင်းဖော်ဟောင်း လိုက်နာနိုင်ဖို့အတွက် ထိပ်သီး၆သင်းထဲက နည်းပြတစ်ယောက်ကိုလဲ ဥပမာ ပေးခဲ့တာပါ။

“အိုလီအနေနဲ့ အသင်းရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ဘူးလို့ ထင်တဲ့ ဘယ်သူ့ကိုမဆို ရှင်းထုတ်ပစ်ရမယ်။ ပိုချက်တီနို တော့တင်ဟမ်ကို လာခဲ့တုန်းက အချိန်ကို ကျနော် အမှတ်ရတယ်။ သူက အုပ်စုနှစ်စု ခွဲလိုက်တာ။ သူ လက်တွဲလုပ်ချင်တဲ့ သူတွေနဲ့ မလုပ်ချင်တဲ့သူတွေပေါ့။ ”

“အခု တော့တင်ဟမ်ကို ကြည့်လိုက်။ ပထမ နှစ်နှစ်၊ သုံးနှစ်အတွင်း လူသစ်တွေနဲ့ အသင်းမှာ သူ့ကို ကူညီခဲ့တဲ့ သူတွေနဲ့အတူ သူက သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ဒါက မန်ချက်စတာ ယူနိုက်တက် တို့ လုပ်ရမယ့် အရာပါပဲ။ ” လို့ နဗီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။