မန်ယူကွင်းလယ်ကစားသမား မာတာဟာ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ အသင်းကနေ ထွက်ခွာတော့မယ် ယူဆခဲ့ကြပေမယ့် စပိန်သားက အသင်းမှာ ဆက်နေခွင့် ရဖို့ အတွက် လစာလျှော့ယူပြီး ညှိနှိုင်းခဲ့လို့ ၂ နစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ မာတာက သူ့ တစ်ပတ် လုပ်ခလစာကို ၂၅% အထိလျှော့ယူခဲ့ရတယ်လို့ သိရပါတယ်။

မာတာဟာ ယခင်က တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရနေပြီး ၂၅% လျှော့ယူခဲ့တဲ့ အတွက် မာတာဟာပေါင် ၄၅၀၀၀ လျော့ကျသွားကာ စာချုပ်သစ်အရ တစ်ပတ်လုပ်ခ ပေါင် ၁၃၅၀၀၀ ပဲ ရမှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ မာတာဟာ မန်ယူအသင်းမှာပဲ ပျော်ရွှင်နေပြီး နည်းပြ ဆိုးလ်ရှားလက်အောက်မှာ ပါဝင် စွမ်းဆောင်ခွင့် ရဖို့ စိတ်အား ထက်သန်နေပါတယ်။

မာတာက ၂၀၁၄ ခုနှစ်မှာ ချယ်ဆီးကနေ မန်ယူအသင်းထံ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ လက်ရှိ အခြေအနေအရ ယခင်က ကဲ့သို့ ခြေစွမ်းမပြနိုင်တော့ပေမယ့် လူငယ်ကစားသမားတွေကို ထိန်းကွပ် ညှိနှိုင်းပေးဖို့ ဆိုးရှားက ရည်ရွယ် ခေါ်ယူခဲ့တာပါ။ မာတာ နည်းတူ ဇွန်လမှာ စာချုပ် ကုန်ဆုံးခဲ့တဲ့ ဟာရဲရားကိုတော့ မန်ယူက ထွက်ခွာခွင့် ပြုခဲ့လိုက်ပါတယ်။

မန်ယူအသင်း နီးစပ်သူ တစ်ဦးကတော့ – “မာတာဟာ မန်ယူအတွက် ကစားရတာ နှစ်သက်သလို မန်ချက်စတာမှာ နေရတာကိုလည်း ပျော်ရွှင်နေပါတယ်။ သူက မန်ယူနဲ့ လမ်းခွဲရမှာကို စိုးရိမ်ခဲ့တာပါ။ ”

” ဒါပေမယ့် သူ့ရဲ့ အေးဂျင့်နဲ့ ကလပ်တို့ ဆွေးနွေးပြီး အားလုံး အဆင်ပြေအောင်လုပ်နိုင်ခဲ့ပါတယ်။ မာတာဟာ လစလျှော့ယူရမှာဖြစ်ပေမယ့် မန်ယူမှာဆက်ရှိတော့မှာဖြစ်လို့ ငွေကြေးဆုံးရှုံးမှုကို သူဘာမှထည့်မတွက်တော့ပါဘူး” လို့ ပြောကြားသွားပါတယ်။