သတင်းထောက် Duncan Castles က ယူနိုက်တက်ဟာ လိုင်လီအသင်း တိုက်စစ်သမား ပီပီကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ပေးမယ်လို့ လိုင်လီအသင်းကို ကမ်းလှမ်းလိုက်ကြောင်း ဖော်ပြလာပါတယ်။

မန်နေဂျာဆိုးရှားရဲ့ ဖိအားပေး တိုက်တွန်းမှုကြောင့် ကလပ်အသင်း တာဝန်ရှိပုဂ္ဂိုလ် ဝုဒ်ဝတ်ကိုယ်တိုင် လိုင်လီအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု စတင်လိုက်တာဖြစ်ပါတယ်။ မန်နေဂျာဆိုးရှားဟာ ညာတောင်ပံအတွက် ပီပီကိုပါ ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ အဲဗာတန်၊ လီဗာပူးတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားထားပါတယ်။ လီဗာပူးနဲ့ သတင်းအကြီးဆုံးဖြစ်ပေမယ့် မာဆေးဆိုဒ်ကလပ်ဘက်က တရားဝင် ကမ်းလှမ်းမှုကို လုံးဝ မလုပ်ရသေးပါဘူး။ ယူနိုက်တက်အနေနဲ့ ကစားသမားကို ဈေးပြိုင်ပေးမယ့် ကလပ်အသင်း မရှိသေးတာဖြစ်တယ်။

ပီပီဟာ ညာတောင်ပံနေရာကို အဓိက ကစားသူဖြစ်ပြီး ဘယ်ခြေအားသန် ကစားသမားဖြစ်ကာ မန်နေဂျာ ဆိုးရှားအတွက် တိုက်စစ် ရွေးချယ်စရာတွေ ပိုမိုရရှိလာစေမှာပါ။ ဂျိမ်းကို ခေါ်ယူထားပေမယ့် ညာတောင်ပံအတွက် အရန်သင့် သုံးနိုင်မယ့် ပီပီကို အခွင့်အရေးရှိတုန်း ခေါ်ယူဖို့ ဆိုးရှားက တိုက်တွန်းခဲ့တာလို့ သိရတယ်။

လီဂူးဝမ်း တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့ ပီပီဟာ မနှစ်က ပီအက်ဂျီနောက် ဒုတိယနေရာမှာ ရာသီသိမ်းခဲ့တဲ့ ပြင်သစ်ကလပ် လိုင်လီအသင်းအတွက် သွင်းဂိုး ၂၂ ဂိုး သွင်းယူပေးထားတာပါ။ လူကာကူကနေ ရလာမယ့် အသုံးစရိတ်နဲ့ ပီပီကို ခေါ်ယူမှာဖြစ်ပါတယ်။