လီဗာပူးကို ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယား ပထမနေရာက ရမှတ်နဲ့ 19 မှတ်ထိ ကွာဟသွားတဲ့နောက် ယူနိုက်တက်ဟာ မန်နေဂျာ မော်ရင်ညိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီဖြစ်တယ်။
ယူနိုက်တက် မန်နေဂျာသစ်အဖြစ် မည်သူတွေဆက်ခံနိုင်မလဲ? ရေပန်းစားမှုနေတဲ့သူတွေ ထွက်ရှိလာပါပြီ။

Zinedine Zidane 5/2

ကလပ်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်စဉ်မှာပဲ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက် အနိုင်ရအောင် ဦးဆောင်နိုင်သူပါ။ နာမည်ကျော် ကစားသမားတွေကို ကိုင်တွယ်ဖို့ရာ အရှိန်အဝါရှိသူဖြစ်တယ်။ ပေါ့ဘာ အပါအဝင် ယူနိုက်တက် စီနီယာအသင်းက လေးစားလောက်တဲ့ နာမည်ကောင်းရှိသူဖြစ်တယ်။

Antonio Conte 8/1

ယူနိုက်တက်မန်နေဂျာထိုင်ခုံကို အစားဝင်နိုင်မယ့် ချယ်ဆီးမန်နေဂျာဟောင်းဟာ ကလပ်လက်မဲ့ဖြစ်နေသူပါ။ ကွန်တီဟာ ပထမရာသီမှာတင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖူးပါတယ်။ သူဟာလည်း ဂျူဗင်တပ်မှာ အောင်မြင်မှုတွေ ရခဲ့ဖူးပြီး ပေါ့ဘာနဲ့ ဆက်ဆံရေးကောင်းလည်း ရှိထားပါတယ်။

Mauricio Pochettino 8/1

အာဂျင်တီးနား မန်နေဂျာဟာ တော်တင်ဟမ်ကို ဦးဆောင်နိုင်မှုကြောင့် ယူနိုက်တက် မန်နေဂျာရာထူးနဲ့ ရေပန်းစားသူ ဖြစ်တယ်။ ဒါပေမယ့်လို့ ကြားဖြတ်ကိုင်တွယ်မှုထက်စာရင် လာမယ့်ရာသီမှ အပြည့်အဝ ကိုင်တွယ်မှုမျိုးက ပိုဖြစ်နိုင်ပါတယ်။ အဲ့သည်အတွက် ယူနိုက်တက်က ယာယီမန်နေဂျာကိုပဲ ရာသီကုန်ထိ ထားရှိပေးဖို့လိုပါမယ်။

Laurent Blanc 10/1

ယူနိုက်တက်အတွက် ကစားပေးဖူးတဲ့ အသင်းသားဟောင်းဖြစ်ပြီး မန်နေဂျာဟောင်း ဖာဂူဆန်နဲ့ ဆက်ဆံရေး ကောင်းရှိပါတယ်။ ဒါပေမယ့် 2016 နောက်ပိုင်း မန်နေဂျာလောကကနေ ကင်းကွာနေသူဖြစ်ပါတယ်။

Arsene Wenger 25/1

နွေမှာ အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီးကတည်းက ကလပ်အသင်းလက်ခဲဖြစ်နေသူပါ။ ဝင်းဂါးကြီးက မှန်ကန်တဲ့ ကလပ်အသင်းကို ကိုင်တွယ်ခွင့်ရဖို့ အခွင့်အရေး စောင့်နေပါတယ်။ အိုထရတ်ဖိုဒ့်ကို ရောက်လာမယ်ဆိုရင်? ဒီအတွက် ပဲ့တင်သံက သိပ်တော့ မကောင်းပါဘူး။

Leonardo Jardim 20/1

ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် 2016-2017 ဘောလုံးရာသီမှာ မိုနာကို ကို လိဂ်အမှတ်ပေးဖလား အနိုင်ရစေခဲ့တယ်။ တိုက်စစ်အားသန်ကို နှစ်သက်ပြီး ငယ်ရွယ်တဲ့ မန်နေဂျာအဖြစ် အထင်ကြီးခြင်း ခံထားရတယ်။ မကြာသေးခင်ကပဲ မိုနာကိုကနေ ထုတ်ပယ်ခံရပြီး ကလပ် လက်မဲ့ဖြစ်နေပါတယ်။

Mikel Arteta 25/1

အာဆင်နယ်မန်နေဂျာသစ်အဖြစ် ရေပန်းစားခဲ့ပေမယ့် အမ်မရီကို အရေးနိမ့်ခဲ့ပါတယ်။ ဂွာဒီယိုလာကိုယ်တိုင်က လေးစားခံရသူဖြစ်ပြီး အများကြီး သင်ယူနေသူပါ။ ယူနိုက်တက်မန်နေဂျာရာထူးက သူ့အတွက် ပထမဆုံး အလုပ်ကြီး ဖြစ်လာနိုင်လို့ ဒီစွန့်စားမှုကို ယူနိုက်တက်က မလုပ်ဘူးလို့ ယူဆရပါတယ်။

Massimiliano Allegri 33/1

ချယ်ဆီးအသင်းနဲ့ သတင်းကြီးထွက်ခဲ့ပေမယ့် မဖြစ်ခဲ့ဘူး။ စီးရီးအေမှာ ဖာဂူဆန်လို လွှမ်းမိုးမှုကြီးတဲ့ အသင်းအဖြစ် တည်ဆောက်ပြနေတယ်။ အဲ့သည်လို အသင်းကနေ ယူနိုက်တက်က ခေါ်ယူမယ်ဆိုရင် သူထွက်လာဖို့က..။

Ryan Giggs 33/1

ယူနိုက်တက်မန်နေဂျာဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် ဗန်ဟားက တာဝန်ယူခွင့် ရခဲ့တယ်။ အဲ့သည်နောက်ပိုင်း ဝေလ်းလက်ရွေးစင်အသင်း မန်နေဂျာဖြစ်လာခဲ့တယ်။ ရာသီကုန်ထိ ယာယီမန်နေဂျာအဖြစ် ကိုင်တွယ်ပေးဖို့ ကလပ်ဘက်က တောင်းဆိုခြင်း ခံရနိုင်ပါတယ်။

Didier Deschamps 33/1

ပြင်သစ်အသင်းကို ကမ္ဘာဖလား အနိုင်ရစေခဲ့တဲ့ မန်နေဂျာကြီးက ယူနိုက်တက်ရဲ့ စက်ကွင်းထဲမှာ ပါဝင်နေသူပါ။ ပေါ့ဘာနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဒက်ချမ့်ဟာ 2020 ယူရိုပြိုင်ပွဲကို ပြင်သစ်အသင်းနဲ့ ဆက်လက်တိုက်ပွဲဝင်လိုနေတယ်။

Diego Simeone 33/1

လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်ကို နာမည်တစ်လုံးရအောင် ကိုင်တွယ်ထားနိုင်သူပါ။ ဒါပေမယ့်လို့ ‘တိုက်စစ်၊ တိုက်စစ်၊ တိုက်စစ်’ ဆိုတဲ့ တောင်းဆိုမှုတွေအတွက်တော့ အံ့မကိုက်လှပါဘူး။

Brendan Rodgers 33/1

2015 ခုနှစ်မှာ လီဗာပူးကနေ ထွက်ခွာခဲ့ပြီးကတည်းက ရော်ဂျာရဲ့ အကောင်းဆုံးနေ့ရက်တွေ ကုန်ခဲ့ပါပြီ။ စကော့လိဂ်မှာ နှစ်နှစ်ဆက် ဦးဆောင်ခဲ့တာက အထင်ကြီးစရာဖြစ်ပေမယ့် အိုထရတ်ဖိုဒ့်ကို ကိုင်တွယ်ဖို့ လီဗာပူး မန်နေဂျာဟောင်းကို  စဉ်းစားဖို့ ခက်ပါတယ်။

ဒီမန်နေဂျာစာရင်းက လက်ရှိ နာမည်ထွက်နေတဲ့ ယူနိုက်တက် မန်နေဂျာဖြစ်လာနိုင်သူတွေပါ။ တစ်ယောက်ယောက်က မန်နေဂျာသစ်ဖြစ်လာမယ်ဆိုရင် ဘယ်တစ်ယောက်ကို ရွေးလိုပါလဲ?