ယူနိုက်တက်ဟာ လိုင်လီအသင်း တိုက်စစ်သမား ပီပီကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုကို စတင်ပြီလို့ သိရပါတယ်။ မန်နေဂျာဆိုးရှားရဲ့ တိုက်တွန်းမှုကြောင့် အမှူဆောင်ချုပ်ဝုဒ်ဝတ်ကိုယ်တိုင် လိုင်လီအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု စတင်လိုက်တာဖြစ်ပါတယ်။

အင်တာမီလန်မန်နေဂျာ ကွန်တီက လူကာကူကို ခေါ်ယူဖို့ ကလပ်အသင်း တာဝန်ရှိသူတွေကို တောင်းဆိုထားပြီး ယူနိုက်တက်နဲ့ ဈေးညိနှိုင်းနေဆဲဖြစ်တယ်။ အဆိုပါ အပြောင်းအရွှေ့မှာ ရရှိမယ့် အသုံးစရိတ်နဲ့ ပီပီကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပြီး လိုင်လီနဲ့ ဆွေးနွေးမှုကိုတော့ စတင်နေခဲ့ပါပြီ။

ဂျူဗင်တပ်မန်နေဂျာဆာရီက ဒီနွေမှာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ကိစ္စမှာ မသေချာဘူးလို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် သူဟာ ပြင်သစ်သားကို အထူးနှစ်သက်တဲ့ မန်နေဂျာတစ်ဦးပါလို့လည်း ပြောဆိုပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ရာသီကြို ခြေစမ်းပွဲတွေမှာ အစွမ်းပြနေတဲ့ လူငယ်တိုက်စစ်သမား ဂရင်းဝုဒ်ကို အငှားချဖို့ လုံးဝ မစဉ်းထားကြောင်းနဲ့ စီနီယာအသင်းထံ တိုးထွက်လာဖို့ပဲ အလေးထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒေးဗစ်ဒီဂီယာဟာ ကမ္ဘာလုပ်ခအကြီးမြင့်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်သွားမယ့် ပေါင် ၁၁၇ သန်းတန် စာချုပ်ကို ယူနိုက်တက်နဲ့ ချုပ်ဆိုမှာဖြစ်ပြီး ၆ နှစ် သက်တမ်းတိုးဆိုင်ရာ သဘောတူညီမှုလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လူကာကူအတွက် အင်တာမီလန်ရဲ့ ပေါင် ၅၃.၉ သတန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီလို့ စကိုင်းစပေါ့ သတင်းမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း Lee Sharpe ကတော့ ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ဆွဲတင်ဖို့ ဆိုးရှားကို အချိန်ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက် မန်နေဂျာ ဝိုင်ဒါက ယူနိုက်တက် လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ သူတို့ရဲ့ ကလပ်အသင်းထံ အငှားလာကစားလိုနေတယ်လို့ ဝန်ခံပေမယ့် မရခဲ့ရင် ခေါ်ယူဖို့ရာ အခြားသော ကစားသမားတွေကိုလည်း ခေါ်ယူဖို့ စဉ်းစားဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။