လက်ရှိ အပြောင်းအရွေ့ကာလမှာ ကစားသမားသစ် (၂) ဦးကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် နည်းပြဆိုးရှားက နောက်ထပ် ကစားသမား (၂) ဦးထိ အသင်းက ထပ်မံခေါ်ယူပေးနိုင်မယ်လို့ ယုံကြည်နေဆဲပါ။

တော်တင်ဟမ်နဲ့ ချစ်ကြည်ရေးပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တဲ့ ဗဟိုခံစစ်ကစားသမား အဲရစ်ဘိုင်လေဟာ အသင်းရဲ့ပစ်မှတ် မက်ဂွိုင်းယား ရောက်ရှိလာချိန်မှာ နေရာပျောက်ဆုံးမှာကို ဆိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနေတဲ့ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ယူနိုက်တက်က သတ်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်မှုတွေ ရှိလာနေပါပြီ။

တော်တင်ဟမ်အသင်းကို (၂-၁) ရလာဒ်နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ရာသီကြိုပွဲစဉ်မှာ နည်းပြဆိုးရှားဟာ အင်တာမီလန်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက် လူစာရင်းကို (၆) ဦးထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

အီတလီသတင်းဌာနတွေကတော့ ယူနိုက်တက်တိုက်စစ်မှူး လူကာကူရဲ့ ပြောင်းရွေ့ကြေးကို အပြည့်အ၀ ပေးချေဖို့ အင်တာမီလန်ဖက်က အစီအစဉ်မရှိပဲ ကစားသမား အလိုက်ပေးချေမှုကို ဦးစားပေးနေကြောင်း ဖော်ပြနေကြပါတယ်။

လာဇီယိုတိုက်စစ်မှူး မီလန်ကိုဗစ်-ဆာဗစ်ရဲ့ အေးဂျင့်ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွေ့ကိစ္စရပ်တွေ ညှိနှိုင်းဖို့ အင်္ဂလန်ကို ရောက်ရှိနေတယ်လို့ အီတလီသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အပြောင်းအရွေ့ကိစ္စရပ်တွေ အဆင်မပြေဖြစ်နေသေးပေမယ့် ယူနိုက်တက်ဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားအတွက် ကမ်းလှမ်းမှုအသစ်တစ်ခု ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။

စပို့တင်းအသင်းနဲ့ ရင်ဆိုင်အပြီးမှာ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်ကို ခေါ်ယူသွားမှာကို စိုးရိမ်နေမိကြောင်း လီဗာပူးနည်းပြ ယာဂင်ကလာခ့်က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

ယူနိုက်တက် ခေါ်ယူလိုနေတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားကို ခေါ်ယူနိုင်ဖို့ တော်တင်ဟမ်အသင်းကလည်း အပြိုင်အဆိုင် ကြိုးစားမှုတွေ ရှိလာနေပါပြီ။

တော်တင်ဟမ်နည်းပြ ပိုချက်တီနိုက ချစ်ကြည်ရေးပွဲမှာ မလိုအပ်ပဲ ကစားပုံတွေ ကြမ်းတမ်းခဲ့တဲ့ သူ့ရဲ့ ကစားသမားတွေကိုယ်စား ယူနိုက်တက်ကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။