လီဗာပူးအသင်း အသည်းအသန် ပစ်မှတ်ထားနေတဲ့ လိုင်လီတိုက်စစ်မှူး နီကိုးလပ်စ်ပီပီဟာ နာပိုလီအသင်းကို ရောက်ရှိဖို့ ပိုမိုနီးစပ်လာနေပါပြီ။

လီဗာပူးအသင်းနဲ့ (၂၀၂၂) အထိ သက်တမ်းကျန်ရှိနေပေမယ့် နည်းပြ ယာဂင်ကလာပ်ဟာ အသင်းနဲ့ ထပ်မံသက်တမ်းတိုးချင်သူမဟုတ်ကြောင်း ကာရေဂါက မှတ်ချက်ပေးမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။

သတင်းတွေကတော့ လီဗာပူးအသင်းဟာ တွန်ဟက်တန်ကို အရန်ဂိုးသမားအဖြစ် ခေါ်ယူလိုနေကြောင်း ဖော်ပြနေကြပါတယ်။

ကော်တင်ညိုကို ပြန်လည်ခေါ်ယူဖို့ကိစ္စကိုလည်း ငြင်းပယ်နေခဲ့တဲ့ ယာဂင်ကလာပ့်ကတော့ ဂါးရက်ဘေလ်းကို ခေါ်ယူမယ့် ကောလဟာလ သတင်းတွေကိုလည်း ငြင်းပယ်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အမေရိကန်မှာ စပို့တင်းအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ရာသီကြိုပွဲစဉ်ကိုလည်း (၂-၂) ရလာဒ်နဲ့ သရေရလာဒ်သာ ရယူနိုင်ခဲ့ပြီး နောက်ထပ် ခက်ခဲမှုတစ်ခုကို ရင်ဆိုင်သွားခဲ့ရပါတယ်။

လီဗာပူးက အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမား Sepp van den Berg ဟာ သူ့ရဲ့ ပွဲဦးထွက် ကစားပွဲကိုတော့ ကစားခွင့် ရသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ်ကြယ်ပွင့် Paul Glatzel ဟာ သူ့ရဲ့ စီနီယာအသင်း ပွဲဦးထွက်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရတော့မယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ နာဘီကီတာနဲ့ ရှာကွီရီတို့ဟာ လာမယ့်သီတင်းပတ်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းမယ်လို့ ကလာပ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီဖြစ်ကြောင်း စပို့တင်းနဲ့ ပွဲအပြီးမှာ နည်းပြကလာပ့်က ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးကစားသမား ဂျိုဝယ်မာတစ်က သူ့အတွက် လီဗာပူးအသင်းမှာ လုပ်စရာအလုပ်တွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ၀န်ခံပြောကြားသွားခဲ့ပါတယ်။

စပို့တင်းအသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ နည်းပြ ယာဂင်ကလာပ့်က သူ့အသင်းဟာ ဘရူနိုဖာနန်ဒက်ကို ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။