အာဆင်နယ်က ခေါ်ယူထားတဲ့ ခံစစ်မှူးသစ် ဆာလီဘာဟာ ပြင်သစ်ကလပ် စိန့်အက်တီယံအသင်းထံ အငှားပြန်မထွက်ခင် ဂန်းနားတို့နဲ့ လေ့ကျင့်ရေး အစီအစဉ် အနည်းငယ်ကို ပြုလုပ်သွားပါတယ်။

အာဆင်နယ် ခံစစ်မှူးသစ် ဆာလီဘာကတော့ သူ့ကို အသင်းပရိသတ်တွေအနေနဲ့ ဝီလို လို့ ခေါ်နိုင်ပါကြောင်း အသင်းနဲ့ အင်တာဗျူးမှာ ပြောဆို သွားပါတယ်။

လန်ဒန်ကို ပြန်ရောက်လာအပြီး လုယက်မှုကိစ္စ ရင်ဆိုင်ခဲ့ရတဲ့ ကိုလာစီနက်နဲ့ အိုဇေးလ် တို့က သူတို့ အဆင်ပြေပြီး အန္တရာယ် ကင်းနေပါတယ် ဆိုတဲ့ အကြောင်း တွစ်တာကတော့ ဖော်ပြသွားပါတယ်။

အဲဗာတန်ဟာ ပဲလေစ့်အသင်းမှ တောင်ပံတိုက်စစ်သမား ဇာဟာအတွက် ပေါင် ၆၀ သန်းအပြင် လူငယ်ကစားသမား တစ်ဦး အလိုက်ပေးဦးမယ့် ကမ်းလှမ်းမှုကို ပေးပို့ခဲ့ပါတယ်။ လန်ဒန်ကလပ် ချယ်ဆီးက အာဆင်နယ်နဲ့ အဲဗာတန်တို့ ဇာဟာကို ဒီနွေမှာ မခေါ်နိုင်ရင် လာမယ့်ရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်က ဆဲလ်တစ်ဘယ်အစွန်လူ တီရာနီအတွက် ကမ်းလှမ်းမှုကို ပြန်စနေတယ်လို့ သတင်းထွက်နေပေမယ့် ဆဲလ်တစ် မန်နေဂျာ လီနွန်ကတော့ တတိယမြောက် ကမ်းလှမ်းမှုကို ရရှိထားခြင်း မရှိပါဘူးလို့ ငြင်းဆန်ပါတယ်။

ကားလုယက်ရန် ကြိုးပမ်းမှု ခံခဲ့ရပြီးနောက် အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်က ၄င်းနဲ့ သူ့ ဇနီးဖြစ်သူတို့ ဘာ ဒဏ်ရာမှ ရရှိခဲ့ခြင်း မရှိဘဲ အဆင်ပြေကြောင်း၊ အားလုံးရဲ့အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း တွစ်တာကနေ အသိပေးခဲ့ပါတယ်။

အာဆင်နယ် အငှား ခေါ်ယူလိုက်တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဒန်နီ စီးဘယ်လော့ဟာ ၄င်းအား အာဆင်နယ် အပြီးသတ် ၀ယ်ယူခွင့် သဘောတူညီမှုထဲ ထည့်သွင်း မပေးဖို့ ရီးရဲလ်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။