မက်ဂွဲရားဟာ စတုတ်၊ ရိုသာဟမ်တို့နဲ့ ယှဉ်ပြိုင်ကစားမယ့် လက်စတာအသင်း လူစာရင်းမှာ ထည့်သွင်းခံထားရပါတယ်။ မန်ယူ က အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေ လုပ်နေပေမယ့် လက်နှေးမှုတွေကြောင့် ဈေးကွက်မပိတ်ခင် ခေါ်ယူမှု ပြီးဆုံးဖို့ သံသယရှိစရာ အနေအထားကို ရောက်လာနေပါပြီ။

မန်ချက်စတာ ယူနိုက်တက်နဲ့ လာဇီယိုကွင်းလယ်လူ ဆာဗစ်ရဲ့ အေးဂျန့်တို့ လန်ဒန်မှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တိုးတက်မှု သတင်းတွေ မရှိသေးဘူးလို့ သိရပါတယ်။

ဂျူဗင်တပ်ဟာ မန်ယူ တိုက်စစ်မှူး လူကာကူကို ကမ်းလှမ်းဖို့ စတင်လာပြီး ၄င်းတို့ရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာကို အလိုက်ပေးမယ့် ကမ်းလှမ်းမှု ပါဝင်နေတယ်လို့ သိရပါတယ်။

ဒန်နီရယ်ဂျိမ်းက ပရီးမီးယားလိဂ်မှာ ခံစစ်သမားတွေက သူ့ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခြင်းနဲ့ တုန့်ပြန်ကြမှာကို ရင်ဆိုင်ဖို့ အသင့်ပြင် ထားပါကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ဂျိမ်းဟာ ရာသီကြိုပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်ရာမှာ ကြမ်းတမ်းတဲ့ ကစားဟန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ ယူနိုက်တက်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လိုင်လီတိုက်စစ်သမား ပီပီကို ခေါ်ယူဖို့ စီးရီးအေကလပ် နာပိုလီက အကြိုသဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၈နှစ်အရွယ် အိန်ဂျယ်ဂိုမက်စ်က ရာသီကြိုအတွင်း မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းအတွက် လူငယ် အသင်းဖော်တွေ နည်းတူ မေဆန် ဂရင်းဝုဒ်၊ ဂျိမ်းဂါနာတို့နဲ့ အတူ ဂိုးသွင်းမှတ်တမ်း ရရှိခဲ့ပြီဖြစ်လို့ စိတ်ကျေနပ်နေပါတယ်။

ယူနိုက်တက်ဟာ သြဂုတ်လ ၁၁ရက် ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ ချယ်ဆီးနဲ့ ကစားဖို့ မတိုင်ခင် ရာသီကြို ချစ်ကြည်ရေးပွဲ အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ ဒန်နီရယ် ဂျိမ်းနဲ့ ဝမ်ဘစ်ဆာကာ တို့က အသင်းနဲ့ လုံးဝ အံကိုက်နေတာနဲ့အတူ ဆိုးရှားရဲ့ အစီအစဉ် တွေက ပုံပေါ်လာနေတယ်လို့ ဂိုမက်စ်က ယုံကြည်နေပါတယ်။

နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေက မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ ကွင်းလယ်သမား လောင်းစတက်ဖ် ကို ရောင်းမှာ မဟုတ်ဘူးဆိုပြီး အတည်ပြုခဲ့ပါတယ်။