ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းဟာ ချယ်ဆီးအသင်း လူငယ်ကစားသမား ပါမာကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးနဲ့ ရက်ဒင်းအသင်း ခြေစမ်းပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ပွဲအပြီးမှာ ချယ်ဆီးက ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို ဘာကလေ၊ ကင်နက်ဒီတို့က ၁ဂိုးစီနဲ့ လူငယ်ကစားသမား မေဆန်မောင့်က ၂ ဂိုး ခြေစွမ်းပြ သွင်းယူခဲ့ပါတယ်။

ယခင်နည်းပြဟောင်းများ ဖြစ်တဲ့ ကွန်တီ၊ ဆာရီတို့ မျက်နှာသာပေးခြင်း မခံခဲ့ရတဲ့ ဘာကလေဟာ နောက်ဆုံးမှာ လမ်းပတ် နည်းပြဖြစ်လာတဲ့ နောက် အခွင့်အရေးများ ရလာဖွယ် ရှိပေမယ့် လူငယ်ကစားသမား မေဆန်မောင့်နဲ့လည်း ပွဲထွက်ကစားခွင့် အပြိုင် ကြိုးစားရဖွယ် ရှိလာပါတယ်။

လူငယ်ကစားသမား အိုဒွိုင်း အနာဂတ်နဲ့ ပတ်သတ်ပြီး လမ်းပတ်က – ” သက်တမ်းတိုး ကိစ္စ ဆွေးနွေးပြောဆိုမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အခြေအနေကောင်းပါတယ်။ ကျနော့် အတွက် ရှင်းလင်းသေချာတဲ့ အချက်က ကျနော် သူ့ကို ဒီမှာ ရှိစေချင်တယ်။ သူက ကျနော်တို့ ချစ်ခင်တန်ဖိုးထားရတဲ့သူပါ။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်မှူးဟောင်း လက်ရှိ အက်သလက်တီကို ကစားသမား ကော်စတာဟာ ရာသီကြိုပွဲစဉ်မှာ မိုရာတာနဲ့အတူ ပူးတွဲ ပွဲထွက်ခဲ့ပြီး ပထမပိုင်းမှာတင် ရီးရဲလ်မက်ဒရစ်ကို ၅-၀ သွင်းခဲ့တဲ့ တီကိုအတွက် သွင်းဂိုး ၄ ဂိုး ရယူပေးခဲ့တယ်။ ကော်စတာရဲ့ ခပ်ကြမ်းကြမ်း တိုက်စစ် ကစားဟန်ကို မြင်ရပြီးနောက် ချယ်ဆီး ပရိသတ်များက အသင်းအတွက် ပြန်ခေါ်စေလိုကြောင်း တောင်းဆိုမှုတွေ မြင့်တက်န်ေပါတယ်။

ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်ဟာ ရာသီကြိုမှာ ကလပ်အသင်း စီနီယာကစားသမားတွေရဲ့ ခြေစွမ်းခြေစနဲ့ စွမ်းဆောင်ရည်တွေကို သုံးသပ်မှုတွေ လုပ်အပြီးမှာ ကွင်းလယ်လူတွေဖြစ်တဲ့ ဒရင့်ဝါးသားနဲ့ ဘာကာယိုကိုတို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စီစဉ်ခဲ့ပြီလို့ သိရပါတယ်။

အဲဗာတန်အသင်းက ပီအက်ဂျီကို ရောင်းထုတ်ထားတဲ့ ကွင်းလယ်လူ Gueye နေရာမှာ အစားထိုးဖို့ရာ ချယ်ဆီးအသင်းမှ ဘာကာယိုကိုအား အလိုရှိနေပြီး ကမ်းလှမ်းမှုတွေ လုပ်လိုနေတယ်လို့ သိရပေမယ့် ဒရင့်ဝါးသားနဲ့ ပက်သက်တဲ့ အနာဂတ်ကိုတော့ သိရခြင်း မရှိသေးပါဘူး။

ချယ်ဆီး တိုက်စစ်မှူး ဘတ်ရှူဝါရီက အသင်းမှာ ဆက်နေဖို့ ပြင်ဆင် နေဖို့ ပြင်ဆင် နေကြောင်း သိရှိ ရပါတယ်။ လက်ရှိ အသင်းရဲ့ တိုက်စစ်မှာ ဂျီရူး ၊ အေဘရာဟမ် တို့ရှိနေပြီး ဘတ်ရှူဝါရီက အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။