အမ်းမရိတ်ဖလား ပွဲစဉ် အဖြစ် တနင်္လာနေ့ညက လိုင်ယွန်နဲ့ ရင်ဆိုင်တဲ့ ပွဲစဉ်မှာ အာဆင်နယ်က ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပြီး တိုက်စစ်မှူး လာကာဇက်တီလည်း ခြေကျင်းဝတ် ဒဏ်ရာ ရသွားတာကြောင့် လူစားလဲခဲ့ရတဲ့ ထိုးနှက်မှု ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်အတွက် လိုင်ယွန်ဘက် သွင်းတဲ့ တစ်လုံးတည်းသော ဂိုးကို အူဘာမီးယန်းက သွင်းယူခဲ့ပြီး လိုင်ယွန်ဘက်ကတော့ ဒမ်ဘီလီ တစ်ဦးတည်း ၂ ဂိုးလုံး သွင်းယူခဲ့တာပါ။

အာဆင်နယ် အသင်း ပစ်မှတ်ထားနေခဲ့တဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို အဲဗာတန်အသင်းက ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ် လိုက်ပါတယ်။

အာဆင်နယ်က ဂျူဗင်တပ်ခံစစ်မှူး ရူဂါနီကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မနှစ်ကရာသီ စီးရီးအေပွဲ ၁၅ ပွဲပဲ ကစား ပေးထားနိုင်တဲ့ အီတလီသားကို နှစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

နာပိုလီနည်းပြအန်စလော့တီ က တီယာနီကို ခေါ်ယူမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဆဲလ်တစ်ခံစစ်မှူးကို ခေါ်ယူနိုင်ဖို့ ပြိုင်ဘက်လျော့သွားပြီး အခြေအနေကောင်းလာခဲ့ပါတယ်။

အာဆင်နယ် လူငယ်ခံစစ်မှူး ဘီလစ်ကို ချန်ပီယံရှစ်ကလပ်အသင်း အများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အမ်းမရိတ်ကနေ ထွက်ခွာဖို့ နီးစပ်လာနေပါတယ်။ ၄င်းက ပြီးခဲ့တဲ့ရာသီ ချာလ်တန်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမား ဇာဗီယာ အာမာချီကို ဘွန်ဒက်လီဂါကလပ် ဟမ်းဘတ်အသင်းက လက်မှတ်ထိုး ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။