ရာသီသစ်စတင်ဖို့ (၂) ပတ်လောက်သာ လိုတော့ပေမယ့် ယူနိုက်တက်ဟာ ကစားသမား ထပ်မံခေါ်ယူမှု ထပ်မံ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ ဖာနန်ဒက်အတွက် ပြောင်းရွေ့ကြေး ညိနှိုင်းမှုမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ ပေါ်တူဂီသတင်းတွေက ဖော်ပြနေကြပါပြီ။

ယူနိုက်တက်က ခေါ်ယူချင်နေပေမယ့် လက်စတာနည်းပြ ရော်ဂျာကတော့ သူ့ရဲ့ကစားသမား မက်ဂွိုင်းယားရဲ့ ရာသီကြိုပွဲစဉ်ခြေစွမ်းတွေကို ချီးကျူးသွားခဲ့ပြီး အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ရာသီကြိုပွဲစဉ်တွေမှာ နိုင်ပွဲတွေဆက်တိုက် ရယူထားနိုင်ခဲ့တဲ့အတွက် ဒီခရီးစဉ်ဟာ ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်တဲ့ ခရီးစဉ်လို့ ယူနိုက်တက်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နယူကာဆယ်အသင်းပိုင်ရှင်ကတော့ သူတို့အသင်းရဲ့ ကစားသမား လောင်းစတပ်ဟာ ရောင်းချသွားရမယ့် ကစားသမားမျိုးမဟုတ်ကြောင်း သတိပေးပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းလယ် ပစ်မှတ်တွေထဲမှာ အဲရစ်ဆန်နည်းတူ လောင်းစတပ်လည်း ပါဝင်နေတာပါ။

ယူနိုက်တက်လူငယ်ဂိုးသမား ဒင်းဟန်ဒါဆင်ဟာ ရှက်ဖီးအသင်းထံ အငှားနဲ့ ပြန်ရောက်ပူးပေါင်းခဲ့ပြီး သူ့ရဲ့ ယခုနှစ်ရာသီ ပွဲဦးထွက်ပွဲစဉ်ကို ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားသစ် ဒန်နီယယ်ဂျိမ်းကတော့ သူဟာ ကြမ်းတမ်းဆိုးရွားတဲ့ ဘောလုံးဖျက်ထုတ်မှုတွေကို ထိတ်လန့်ကြောက်ရွံ့သူ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်က ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို စိတ်ဝင်စားမှုတွေ ရှိလာနေတယ်လို့ သတင်းတွေ ပေါ်ထွက်လာအပြီးမှာ ယူနိုက်တက်ကလည်း ဒေါက်ကလပ်ကော်စတာကို အလဲအထပ်လုပ်လိုနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါပြီ။

ယူနိုက်တက်ဟာ ဂျူဗီတိုက်စစ်မှူး ဒိုင်ဘားလားကိုလည်း စိတ်ဝင်စားမှုတွေ ရှိလာနေပြီး အသင်းရဲ့ တိုက်စစ်မှူးလာကာကူရဲ့ ပြောင်းရွေ့ကြေး သတ်မှတ်ချက်ဟာ ဒိုင်ဘားလားရဲ့ တန်ကြေးနဲ့ တူညီနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်အင်္ဂါနေ့မှာ ဆိုးရှားရဲ့ ဇာတိအသင်းဖြစ်တဲ့ Kristiansund အသင်းနဲ့ ရင်ဆိုင်ဖို့ နော်ဝေကို ခရီးဆက်ဦးမှာပါ။