ယူနိုက်တက်ပရိသတ်တွေက အသင်းရဲ့ ဘယ်အစွန်လူ လုရှောအတွက် အမှတ်တရ ဖန်တီးမှု အနုပညာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လုရှောကတော့ ပျော်ရွှင်ရပါကြောင်း တွစ်တာကနေ ဖော်ပြခဲ့တယ်။

ယူနိုက်တက်မန်နေဂျာဟောင်း ဖာဂူဆန်က အက်စတွန်ဗီလာအသင်းမှ ကွင်းလယ်လူ John McGinn ကို ကလပ်အသင်းက ခေါ်ယူတာမျိုး မြင်လိုတယ်လို့ သတင်း ထွက်လာပါတယ်။

အင်တာမီလန်ဟာ လူကာကူကို ကမ်းလှမ်းမှု အဆင်မပြေနိုင်တဲ့ အနေအထားကို ရည်ရွယ်ပြီး ပီအက်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ကြိုးစားသွားနိုင်ပါတယ်။ ကာဗာနီဟာ စီးရီးအေကလပ် နာပိုလီမှာ ကစားဖူးတဲ့ အတွေ့အကြုံရှိခဲ့ဖူးသူပါ။

ယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ဟာရဲရားနေရာမှာ အစားထိုးဖို့ ဂျူဗင်တပ်ကွင်းလယ်လူ မာတွီဒီကို အလေးအနက် စိတ်ဝင်စားနေပါတယ်။

မန်နေဂျာဆိုးရှားဟာ ကလပ်အသင်း လူငယ်ကစားသမား ဒါလော့ကို ညာတောင်ပံ (သို့) ညာကွင်းလယ်နေရာတွေမှာ ထားကစားဖို့ စဉ်းစားနေပါတယ်။ ဆိုးရှားဟာ ရာသီကြိုမှာ ဒါလော့ကို ဘယ်ခြမ်းကနေလည်း ကစားခိုင်းထားပါတယ်။

လူကာကူ အီတလီမြေကို ပြောင်းသွားခဲ့မယ်ဆိုရင် တိုက်စစ်မှူး မာရှယ်က ယခင် ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၉ နဲ့အတူ ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်သင့်လား မေးခွန်းထုတ်ခံနေရပါတယ်။

ယူနိုက်တက်ဟာ ခံစစ်မှူးနေရာအတွက် ဘင်ဖီကာခံစစ်မှူး ဒိုင်ယက်စ်ကို သူ့ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေး ယူရို ၆၆ သန်းထက် လျော့တဲ့ ပမာဏတစ်ရပ်နဲ့ ကမ်းလှမ်းမှု စတင်ခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ မာတစ်ကလည်း ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်နေရာအတွက် ပါဝင် ယှဉ်ပြိုင်လိုတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ်အတွက် အမြဲတမ်း အသင်းခေါင်းဆောင်တစ်ဦး တာဝန်ပေးဖို့ လိုအပ်နေတာပါ။

ယူနိုက်တက်ဟာ အသင်းမှာ ပေါ့ဘာဆက်ရှိနေရင် ဖာနန်ဒက်စ်၊ ဆာဗစ်တို့ကို ခေါ်ယူခြင်း မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ မက်ဂွဲရားနဲ့ လောင်းစတပ်တို့ကို ခေါ်ယူဖို့ကတော့ ဖြစ်နိုင်ဆဲပါ။