ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အကယ်ဒမီမှ လူငယ်ကစားသမားများကို ပွဲကစားချိန် မိနစ် အများဆုံး ပေးအပ်ထားတဲ့ အသင်းများကို လေ့လာမှု တစ်ခု ပြုလုပ်ရာ မန်ချက်စတာ ယူနိုက်တက်က မိနစ် ၉၀၀၀ ကျော်နဲ့ ဦးဆောင်နေပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူကိုအား ခေါ်ယူဖို့ကိစ္စမှာ စီးရီးအေပြိုင်ဘက် အင်တာမီလန်ကို ကျော်တက်ပြီး ဂျူဗင်တပ်က ရေပန်းအစားဆုံး အဖြစ် ထိပ်ဆုံးကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

မန်ယူနဲ့ ဂျူဗင်တပ်ဟာ လူကာကူ၊ ဒိုင်ဘာလာ အလဲအထပ်ကိစ္စ သဘောတူညီမှု ရခဲ့ပြီး ဒိုင်ဘာလာရဲ့ အေးဂျင့်ဟာ လန်ဒန်ကို စာချုပ်ကိစ္စ ဆွေးနွေးဖို့ ရောက်လာပါပြီ။

လက်စတာက ပေါင် သန်း ၉၀ ရမှလို့ တင်းခံနေပေမယ့် ယူနိုက်တက်ဟာ အင်္ဂလန်သား ခံစစ်မှူး မက်ဂွဲယားကို ခေါ်ယူဖို့ ညှိနှိုင်းမှုများ ဆက်လက် ပြောဆိုနေဆဲ ဖြစ်ပါတယ်။

မက်ဂွဲယားကို ခေါ်ယူဖို့ ခက်ခဲမှုတွေ ရှိနေတာကြောင့် မန်ယူအသင်းဟာ ဘာစီလိုနာ ခံစစ်မှူး အမ်တီတီကိုလည်း ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေပါတယ်။ ဘာစီလိုနာက အသက် ၂၅ နှစ် အရွယ် ပြင်သစ်သား အတွက် ပေါင် ၅၅ သန်းနဲ့ ရောင်းချလိုနေပါတယ်။
မန်ယူအသင်းကတော့ အမ်တီတီ အတွက် ပေါင် ၄၆ သန်းနဲ့ စတင်ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။

မန်ယူအသင်း ဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပြီလို့ Sky Sports သတင်းထောက် Di Marzio က ထုတ်ဖော်လိုက်ပါတယ်။ အစောတုန်းကတော့ မန်ယူက ဗဟိုခံစစ်မှူးကို ဦးစားပေးမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ ထူးခြားမှုတွေ ရှိလာပြီလို့ ယူဆရပါတယ်။