မန်စီးတီးအသင်းဟာ ဒီနွေမှာ ဘာစီလိုနာခံစစ်မှူး ဆီမီဒိုကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းထားပြီး ဂွာဒီယိုလာက ဘာစီလိုနာမှ ၄င်း ကင်းထောက်ဟောင်းများနဲ့ ပြန်လည် ချိတ်ဆက်ကာ ကြိုးစားနေပါတယ်။

ဘိုင်ယန်ကွင်းလယ်ကစားသမား သီယာဂို အယ်ကန်တာရာက ပက် ဂွာဒီယိုလာ ဟာ ပို ပိုတော်လာပြီး မှော်ဝင် အစွမ်းတွေနဲ့ ပိုမို အံ့သြစရာ ကောင်းလာတယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိ မန်စီးတီး နည်းပြဖြစ်တဲ့ ဂွာဒီယိုလာဟာ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ လက်တွဲ အလုပ် လုပ်နေသလို လက်ရှိ အောင်မြင်တာထက် ပိုပြီး အောင်မြင်မှုတွေ ရယူနိုင်ဦးမယ်လို့လည်း ၄င်းက ယူဆထားပါတယ်။

ဘိုင်ယန်မြူးနစ်မန်နေဂျာ ကိုဗက်က ဆာနေးကို ဘိုင်ယန်မြူးနစ်က သေချာပေါက် ခေါ်ယူနိုင်မယ်ဆိုတဲ့ မှတ်ချက်စကား ပြောဆိုခဲ့မှုနဲ့ ပက်သက်ပြီး ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းအား တရားဝင် တောင်းပန်လိုက်ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အာဂျင်တီးနားကလပ် Velez Sarsfield အသင်းမှ တောင်ပံတိုက်စစ် လူငယ်ကစားသမား သီယေဂို အယ်မာဒါအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် အာဂျင်တိုင်းသားကို ခေါ်ယူဖို့အရေး လက်လျှော့ခဲ့ပြီ ဖြစ်ပါတယ်။