ချယ်ဆီးနည်းပြသစ် လမ်းပတ်ဟာ အသင်းရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ယခင်က ကဲ့သို့ အမှတ်ပေးဖလား အပါအ၀င် ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းကောင်း ဖြစ်အောင် ပြန်လည် တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ ချယ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အဲဗာတန်အသင်းဟာ ချယ်ဆီးထံမှ သူတို့ အငှား ပြန်ခေါ်လို့ မရတော့တဲ့ ဇူးမားအစား ၄င်းအသင်းဖော် တိုမိုရီကို အငှားခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပေမယ့် ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ဟာဇက်နေရာ အစားထိုးဖို့ လာမယ့် ၂၀၂၀ နွေမှာ ခေါ်ယူရန် ကြံရွယ်နေပါတယ်။

ချယ်ဆီးအသင်းဟာ ထွက်ခွာသွားပြီ ဖြစ်တဲ့ ဟာဇက်နေရာ အတွက် ၄င်းရဲ့ သွင်းဂိုးများ၊ ဂိုးဖန်တီးမှုများကို အသင်းမှာ ရှိတဲ့ ကစားသမားများနဲ့ ဖြည့်ဆည်းဖို့ လိုအပ်ကြောင်းနဲ့ လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ဘာကလေက ဖွင့်ဟပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ ကွင်းလယ်တိုက်စစ် နေရာ အတွက် အတွေ့အကြုံ ပိုရှိထားတဲ့ ဘာကလေနဲ့ ပို သွက်သွက်လက်လက်ရှိတဲ့ မေဆန်မောင့်တို့ နှစ်ဦးထဲကနေ ရွေးချယ် ပွဲထုတ်ရဖွယ် ရှိနေပါတယ်။

ချယ်ဆီးအသင်း ဂိုးသမားဟောင်းကြီး ရောဘ် ဂရင်းက လန်ဒန်ကလပ်မှ အသင်းဖော်ဟောင်းဖြစ်သူ ဂိုးသမား ကီပါဟာ ဘောလုံးကစားရာမှာ ထူးချွန်သူဖြစ်ပြီး ကွင်းလယ်လူတစ်ဦးအဖြစ်ပါ ကစားနိုင်သူဖြစ်ကြောင်း ဖောက်သည်ချလာပါတယ်။