အာဆင်နယ်ကစားသမားအဖြစ် ပီပီကို တရားဝင် ခေါ်ယူမှုကိစ္စတွေ ကြေညာရခြင်း မရှိသေးပေမယ့် ထွက်ပေါ်နေတဲ့ ဗီဒီယိုတွေမှာတော့ တိုက်စစ်သမားဟာ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်မှုတွေ စတင်နေပါပြီ။

အာဆင်နယ်ဟာ ဒီရက်တွေအတွင်း အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေကို ခပ်သွက်သွက် လှုပ်ရှားနေပြီး ထပ်ပြီးလည်း ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ကိုစီရယ်နီ၊ မူစတာဖီ ပက်သက်လို့ ညိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဖော်ပြလာပါတယ်။

အာဆင်နယ်က ကိုစီရယ်နီရဲ့အပြောင်းအရွှေ့အတွက် ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတာပါ။ အသက် (၃၃)နှစ်အရွယ် ခံစစ်မှူးကြီးအတွက် အာဆင်နယ်က ပေါင် (၈)သန်း ဈေး သတ်မှတ်ထားပါတယ်။

လိုင်လီတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီဟာ ကနဦးက နာပိုလီအသင်းနဲ့ သဘောတူညီမှု ရထားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ အစီအစဉ် များနဲ့ အမ်းမရိတ်မှာ ပိုမိုတိုးတက်နိုင်မယ် ယူဆလို့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ၄င်းနဲ့ နီးစပ်သူ တစ်ဦးက အီတလီ သတင်းဌာနမှာ ဖွင့်ဟခဲ့ပါတယ်။

ဆဲလ်တစ်နဲ့ အာဆင်နယ်တို့ဟာ နယူးကာဆယ်အသင်းမှ အသက် ၂၂ နှစ်အရွယ် လူငယ်ကစားသမား ဝုဒ်မန်းကို ခေါ်ယူဖို့ အပြိုင် ဖြစ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းမှ ဘယ်ခြမ်း ခံစစ်မှူး တီရာနေးကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း လန်ဒန်သတင်းများမှာ ဖော်ပြနေပါတယ်။

အာဆင်နယ် ခံစစ်မှူး မူစတာဖီဟာ ရိုးမားအပါအ၀င် ဘယ် စီးရီးအေ ကလပ်အသင်းနဲ့မှာ အသင်းပြောင်းဖို့ ချိတ်ဆက် ဆက်သွယ်နေခြင်း မရှိကြောင်း မူစတာဖီရဲ့ ဖခင် ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဟာ အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံကြယ်ပွင့်လေး ခရစ်စတီယန်ဘီလစ်ကို ပေါင် (၁၀)သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့