ယူနိုက်တက်ဟာ ဘာစီလိုနာက ယူရိုသန်း (၆၀) ကြေးသတ်မှတ်ထားတဲ့ နောက်ခံကစားသမား အမ်တီတီအတွက် ကမ်းလမ်းမှုတွေ ပြုလုပ်လာနေပြီး ယူရိုသန်း (၅၀) ပမာဏခန့် ပေးချေလိုနေတယ်လို့ သိရှိရပါတယ်။

မိုနာကိုအသင်းရဲ့ အသက်(၁၆) နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမား Hannibal Mejbri ဟာ အသင်းကိုစွန့်ခွာပြီး ယူနိုက်တက်ကို ပြောင်းရွေ့လိုနေပါတယ်။ ပြောင်းရွေ့ကြေးကတော့ ယူရို (၁၀) သန်းခန့် သတ်မှတ်ထားတာပါ။

လူကာလူနဲ့ ဒိုင်ဘားလားတို့ရဲ့ အေးဂျင့် Fabio Paratici ဟာ လန်ဒန်မှာရောက်ရှိနေပြီး ကစားသမားတွေရဲ့ အပြောင်းအရွေ့ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ယူနိုက်တက်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေပေမယ့် လက်စတာက သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးနဲ့တော့ ဘယ်အသင်းကမှ ကမ်းလှမ်းမှု မရှိသေးဘူးလို့ နည်းပြရော်ဂျာက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာဟာ သူ့ရဲ့ ဂျူဗီအသင်းဖော်ဟောင်း ဖြစ်ခဲ့တဲ့ ဒိုင်ဘားလားကို ယူနိုက်တက်ထံ ပြောင်းရွေ့လာဖို့ စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး လူကာကူက ဒီကနေ့ လေ့ကျင့်ရေး အစီအစဉ်ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် စီးရီးအေကလပ် ဂျူဗင်တပ်ကို ပြောင်းဖို့ကိစ္စ ပိုမိုအသက်ဝင်နေပါပြီ။

ယူနိုက်တက်ရဲ့ အဝေးကွင်းဝတ်စုံနဲ့ ပက်သက်ပြီး အွန်လိုင်းမှာ ပေါက်ကြားမှုတွေ ရှိနေပါတယ်။ အနက်ရောင်အသားဖြစ်ပြီး အသေးစိတ်အချက်တွေ မသိရသေးပါဘူး။

ယူနိုက်တက်ကစားသမားဟောင်း အီဗရာဟီမိုဗစ်ကတော့ ပေါ့ဘာအနေနဲ့ အသင်းကို စွန့်ခွာလိုနေပါက အသင်းအနေနဲ့ ထွက်ခွာခွင့်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကတော့ သူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်လာလိုပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်လာနိုင်ဖို့ ကြိုးစားသွားမယ်လို့ ကြွေးကြော်လိုက်ပါပြီ။

အပြောင်းအရွေ့ပိတ်သိမ်းဖို့ တစ်ပါတ်လောက်သာ ကျန်ရှိနေတော့တဲ့အတွက် အသင်းအနေနဲ့ ကစားသမားတွေ ထပ်မံခေါ်ယူနိုင်ဖို့အပေါ် အသင်းပရိတ်သတ်တွေက စိုးရိပ်ပူပန်မှုတွေ ရှိလာနေပါတယ်။