လီဗာပူးအသင်းဟာ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ လူစုံတက်စုံနဲ့ ရင်ဆိုင်သွားခဲ့ပြီး (၃-၁) ရလာဒ်နဲ့ အနိုင်ရယူသွားနိုင်ခဲ့ပါပြီ။

လီဗာပူးအသင်းရဲ့ အသက် (၁၇) နှစ်အရွယ် ခံစစ်ကစားသမား Ki-Jana Hoever ဟာ အသင်းနဲ့ ကာလရှည် ပရော်ဖက်ရှင်နယ်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြယာဂင်ကလာခ့်ဟာလည်း FIFA Coach of the Year ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

FIFA က ထုတ်ပြန်လိုက်တဲ့ Player of the Year 2019 ဆန်ကာတင်စာရင်းမှာ လီဗာပူးကစားသမားတွေ ဖြစ်ကြတဲ့ မာနေး၊ မိုဟာမက်ဆာလက်နဲ့ ဗန်ဒိုက်တို့ ပါဝင်လာခဲ့ပါပြီ။

ရိုးမားအသင်းဟာ တော်တင်ဟမ်နောက်ခံလူ Alderweireld ကို ခေါ်ယူဖို့ လက်လျော့ခဲ့ရပြီးတဲ့နောက် ပေါင် (၂၅) သန်း ဈေးသတ်မှတ်ထားခဲ့တဲ့ လီဗာပူးနောက်ခံလူ Lovren ကို ချိန်ရွယ်လာနေပါပြီ။

အပြောင်းအရွေ့အစောပိုင်းကာလတုန်းက လီဗာပူးအသင်း ချိတ်ဆက်ခဲ့ဖူးတဲ့ ဘန်လေဂိုးသမား Tom Heaton ဟာ အက်စတွန်ဗီလာအသင်းထံ ပေါင် (၈) သန်းနဲ့ ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား ရှာကွီရီက သူ့အသင်းအနေနဲ့ ယခုရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေကို အမိအရ ဆုပ်ကိုင်ရမယ်လို့ တိုက်တွန်းပြောကြားမှု ပြုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူး မာနေးအတွက် ရီးရဲမက်ဒရစ်အသင်းက ကစားသမားကို ကျောနံပါတ် (၇) နဲ့ မက်လုံးပေးမှုတွေ ရှိလာနေပြီး ပြောင်းရွေ့ကြေး ပေါင်သန်း (၁၅၀) အထက် အသုံးပြုလာဖွယ် ရှိနေတယ်လို့ ကောလဟာလတွေ ပေါ်ထွက်လာနေပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ ကစားသမား ဟယ်ရီဝီလ်ဆင်အတွက် ပြောင်းရွေ့ကြေး ပေါင်သန်း (၂၀) သတ်မှတ်လိုက်ပြီလို့ သိရှိရပါတယ်။

ရီးရဲဘက်တစ်အသင်းဟာ သူတို့ရဲ့ ကစားသမား Junior Firpo အတွက် ပေါင်သန်း (၅၀) သတ်မှတ်ထားမှုကို လျော့ချပေးလိုက်ပြီဖြစ်ပြီး လီဗာပူးနဲ့ ဘာစီလိုနာတို့က အပြိုင်အဆိုင် ကြိုးစားလာဖွယ် ရှိနေပြီ ဖြစ်ပါတယ်။