မန်ချက်စတာယူနိုက်တက်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်းမှ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ကွင်းလယ်လူ ဟန်နီဘောလ်ကို ပေါင် ၉ သန်းပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ကစားသမားဟာ အေးဂျင့် ဂျော့မန်ဒက်စ် ကိုယ်စားပြုထားသူဖြစ်ပါတယ်။ မနေ့ကပဲ ကာရင်တန် လေ့ကျင့်ရေးမှာ ပြုလုပ်တဲ့ အပြီးသတ်ဆိုင်ရာ ကိစ္စတွေကို အေးဂျင့်မန်ဒက်စ်၊ ယူနိုက်တက်ကလပ်အသင်း အမှူဆောင်ချုပ် ဝုဒ်ဝတ်နဲ့ မတ်ဂျတ်တို့ တက်ရောက်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီကတည်းက လူငယ်ကစားသမားလေးကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ပြီး မိုနာကိုနဲ့ ဆွေးနွေးမှုကို စတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားလေးရဲ့ ဖခင်ဟာ တူနီရှား ကိုယ်စားပြု ဘောလုံးသမားဟောင်းလည်းဖြစ်တယ်။

အရည်အချင်း ပြင်သစ်သား လူငယ်လေးကို ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ကလည်း ခြေရာလိုက်မှုတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်က လက်ဦးခဲ့တာဖြစ်ပါတယ်။

ဒီနွေမှာ ယူနိုက်တက်ဟာ အေဂျက်မှ အသက် ၁၆ နှစ်အရွယ် Hoogewerf ကိုလည်း ခေါ်ယူထားပြီး ဒါဟာ ဒုတိယမြောက် ဆယ်ကျော်သက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာပါတယ်။