မန်စီးတီးဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲမှာ ကလပ်အသင်း ၁၂၅ နှစ်ပြည့် အထူးအမှတ်တရ ဂျာစီကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူးတွေဖြစ်တဲ့ အဂွယ်ရိုနဲ့ ဂျီဆုတို့ဟာ ကလပ်အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုကို ပြန်လည်ကာ ပူးပေါင်းခဲ့ကြပြီဖြစ်ပါတယ်။ ၄င်းတို့ နှစ်ဦးဟာ ကိုပါ အမေရိကဖလား ပွဲကစားထားတာကြောင့် အားလပ်ရက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားတော့မယ့် မန်စီးတီး – လီဗာပူး ကွန်မြူနတီဒိုင်းပွဲစဉ်မှာ နှစ်ဘက်အသင်း အပြန်အလှန်တွေ ဂိုးတွေ သွင်းကြ ကြည့်ကောင်းမယ့် ပွဲ ဖြစ်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ် ပြောဆိုထားပါတယ်။ ဒါ့အပြင် ပုံမှန်ပွဲချိန်အတွင်း သရေ ရလဒ်သာ ထွက်မယ်လို့လည်း ၄င်းက ခန့်မှန်းထားပါတယ်။

ဖီဖာအကောင်းဆုံး ကစားသမားများစာရင်းမှာ ပရီးမီးယားလိဂ်မှ ဗန်ဒိုက်၊ မာနေး၊ ဆာလက်၊ ဟာဇက်၊ ကိန်းတို့နဲ့အတူ ဆန်ကာတင်စာရင်းထဲ ပါနေပါတယ်။ မန်စီးတီးအသင်းသားတွေ တစ်ဦးမှ ပါဝင်လာခြင်း မရှိပါဘူး။ ဒါကြောင့် စီးတီး ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား မပါဝင်တဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဖီဖာက ရွေးချယ်တဲ့ အကောင်းဆုံး မန်နေဂျာ ဆု အတွက် ဆန်ခါတင် ၁၀ ယောက်ထဲမှာ ပရီးမီးယားလိဂ်မှ ပက် ဂွာဒီယိုလာ၊ ကလော့ပ်တို့နဲ့ ပိုချက်တီနိုတို့ အတူ ပါဝင်နေပါတယ်။

မန်စီးတီးဟာ ကလပ်အသင်းခံစစ်မှူး အဒါရာဘာရောကို ဘလက်ဘန်းအသင်းတို့ အငှားချခဲ့ပြီဖြစ်ပါတယ်။ အဒါရာဘာရောဟာ မန်စီးတီးအသင်းနဲ့ အသက် ၅ နှစ်အရွယ်တည်းက ပူးပေါင်းခဲ့သူဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မန်နေဂျာ ကိုဗက်က ၄င်းတို့အသင်းဟာ မန်စီးတီးတောင်ပံသမား ဆာနေးကို ခေါ်ယူနိုင်မယ်လို့ မီဒီယာတွေကို ပြောဆိုခြင်းဟာ ပြိုင်ဘက်တွေကို လေးစားမှု မရှိခြင်းဖြစ်လို့ တရားဝင် တောင်းပန်ကြောင်း ပြောဆိုပါတယ်။