လီဗာပူးအသင်းက ချိတ်ဆက်မှုတွေ ရှိထားဖူးတဲ့ RB Leipzig တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိနေကြောင်း လိုက်ဇစ် အသင်းရဲ့ CEO က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

လိုင်ယွန်နဲ့ ခြေစမ်းပွဲမှာ ဘောလုံး ထိချက်လှလှတွေနဲ့ ကစားသွားတဲ့ လီဗာပူး ဆယ်ကျော်သက် တိုက်စစ်သမား အီးလီယက်ကို မက်ဆီ၊ ကာကာ လက်သစ် ကစားသမားလို့ လီဗာပူး ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

လာမယ့် တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားတော့မယ့် မန်စီးတီး – လီဗာပူး ကွန်မြူနတီဒိုင်းပွဲစဉ်မှာ နှစ်ဘက်အသင်း အပြန်အလှန်တွေ ဂိုးတွေ သွင်းကြ ကြည့်ကောင်းမယ့် ပွဲ ဖြစ်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ် ပြောဆိုထားပါတယ်။ ဒါ့အပြင် ပုံမှန်ပွဲချိန်အတွင်း သရေ ရလဒ်သာ ထွက်မယ်လို့လည်း ၄င်းက ခန့်မှန်းထားပါတယ်။

လီဗာပူးလူငယ်အသင်းရဲ့ ခံစစ်ကစားသမား Rhys Williams ဟာ Kidderminster Harriers အသင်းကို အငှားနဲ့ ရာသီဝက် ပြောင်းရွေ့ ကစားတော့မယ်လို့ သိရှိရပါတယ်။

အေစီမီလန်အသင်းဟာ လီဗာပူးခံစစ်မှူး လိုဗရန်ကို ခေါ်ယူဖို့ကိစ္စကို ပြောင်းရွှေ့ကြေး ညိနှိုင်းမရဖြစ်နေလို့ စပါးခံစစ်မှူး အန်ဒါဝီရယ်ကို ပြောင်းလဲ ခေါ်ယူလိုနေပါတယ်။

လီဗာပူးမှ ဗန်ဒိုက်၊ ဆာလက်၊ မာနေးတို့ သုံးဦးဟာ ဖီဖာ အကောင်းဆုံးကစားသမား ဆု အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်နေပြီး ချယ်ဆီးမှ ဟာဇက်လည်း ပါဝင်ပေမယ့် မန်စီးတီး ကစားသမား တစ်ဦးမှ ရွေးချယ်ခံရခြင်း မရှိပါဘူး။

ဖီဖာက ရွေးချယ်တဲ့ အကောင်းဆုံး မန်နေဂျာ ဆု အတွက် ဆန်ခါတင် ၁၀ ယောက်ထဲမှာ ပရီးမီးယားလိဂ်မှ ပက် ဂွာဒီယိုလာ၊ ကလော့ပ်တို့နဲ့ ပိုချက်တီနိုတို့ အတူ ပါဝင်နေပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားထားတဲ့ ဘယ်အစွန်လူ ဖာပိုအတွက် ဘက်တစ်ဘက်က ပြောင်းရွှေ့ကြေး ချပေးဖွယ်ရှိပြီး ဘာစီလိုနာက ဝင်ရောက် ကမ်းလှမ်းလိုနေပါတယ်။