မန်ယူ ခံစစ်ကစားသမား Taunzebe ကို ခေါ်ယူနိုင်ဖို့ နယူးကာဆယ်အသင်းက ပစ်မှတ်ထားလာနေတယ်လို့ အင်္ဂလန် မီဒီယာတွေက ဖော်ပြ နေကြပါတယ်။

မန်ယူ ဟာ ကွင်းလယ်နေရာအတွက် အပြောင်းအရွေ့ ငွေကြေးပမာဏကို အနည်းငယ်လျော့ချဖို့ စီစဉ်လာနေပြီး ဂျူဗီကွင်းလယ်လူ Matuidi ကို ပစ်မှားထားလာနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွန်းနီက မန်ချက်စတာမြေမှ အသင်းဟောင်းဟာ မက်ဂွဲရားကို လက်မှတ်ထိုး ခေါ်ယူသင့်ပါကြောင်း ထောက်ခံစကား ပြောဆိုသွားပါတယ်။

မန်ယူ က ခေါ်ယူလိုနေတဲ့ လိုင်ယွန်ကစားသမား ဒမ်ဘီလီဟာ နွေရာသီ အပြောင်းအရွေ့မှာ အသင်းကို စွန့်ခွာမှာ မဟုတ်ဘူးလို့ နည်းပြ Sylvinho က ပြောကြားလိုက်ပါပြီ။

မန်ယူ ကစားသမားဟောင်း ဇာလက်တန် အီဗရာဟင် မိုဗစ်ခ်ျကလည်း အသင်း အနေနဲ့ ရာနှုန်းပြည့် အာရုံစိုက် ကစားနိုင်မှာ မဟုတ်တဲ့ ပေါ့ဘာ ထွက်ခွာချင်ရင် ခွင့်ပြုသင့်ကြောင်း အကြံပြုလိုက်ပါတယ်။ မန်ယူ ကစားသမားဟောင်း တော်တော်များများကလည်း ဇာလက်တန် နည်းတူ အကြံပြုထားကြတာပါ။

မန်ယူ တိုက်စစ်မှူး လူကာကူကို အရ ခေါ်ယူဖို့ ဂျူဗင်တပ် နာမည်ကျော် ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒို ကိုယ်တိုင်က တိုက်တွန်း တောင်းဆိုမှု ရှိထားတယ်လို့ သိရပါတယ်။

မန်ယူ ကို ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်သမား ဒိုင်ဘာလာဟာ မန်ချက်စတာကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းခွဲ ဝန်းကျင် ရရှိမယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြနေပါတယ်။

အင်တာမီလန်ဟာ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ကိစ္စကို အပြည့်အဝ နောက်ဆုတ်ခဲ့ပြီဖြစ်ပြီး ၄င်းတို့ရဲ့ တိုက်စစ်မှူး အိုင်ကာဒီနဲ့ ရိုးမား တိုက်စစ်မှူး ဒီဇီကို အလဲအထပ် ကိစ္စကို သတင်ကာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်ယူအသင်းတို့က စိတ်ဝင်စားထားတဲ့ ဘယ်အစွန်လူ ဖာပိုအတွက် ဘက်တစ်ဘက်က ပြောင်းရွှေ့ကြေး ချပေးဖွယ်ရှိပြီး ဘာစီလိုနာ က ဝင်ရောက် ကမ်းလှမ်းလိုနေပါတယ်။

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဗာရိန်းက ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို မက်ဒရစ်က ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အရမ်းကောင်းတဲ့ အားဖြည့်မှုကို ပြုလုပ်နိုင်ခြင်း ဖြစ်လာမယ်လို့ သုံးသပ်လိုက်ပါတယ်။