ယူနိုက်တက်ဟာ ဂျူဗီတိုက်စစ်မှူး ဒိုင်ဘားလား တောင်းဆိုထားတဲ့ တစ်နှစ်လုပ်ခ ယူရို (၁၀) သန်း ပမာဏကို သဘောတူညီခဲ့ပြီး အပြောင်းအရွေ့ကိစ္စ အပြီးသတ်လုနီးပါး ဖြစ်နေပြီလို့ သိရှိရပါတယ်။

လက်စတာခံစစ်မှူး မက်ဂွိုင်းယားဟာ အက်တလန်တာအသင်းနဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်မှာ မဟုတ်ဘူလို့ သိရပြီး ဒါဟာ ယူနိုက်တက်နဲ့ ပေါင်သန်း (၉၀) တန်ကြေးရှိ အပြောင်းအရွေ့ကို အဆုံးသတ်နိုင်ဖို့ ကိစ္စတွေကြောင့်လို့ ယူနိုက်တက်သတင်းမီဒီယာတွေကတော့ ဖော်ပြနေကြပါပြီ။

ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ အိမ်ကွင်းမှာဖြစ်တာကြောင့် သက်တောင့်သက်သာ အနိုင်ယူနိုင်ဖို့ မျှောင်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမား မာတစ်က သူ့ရဲ့ (၃၁) နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြတဲ့ အသင်းပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း လူမှုကွန်ယက်ပေါ်ကတဆင့် ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ ဂျူဗင်တပ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်နေပေမယ့် အင်တာမီလန်အသင်းကလည်း ကစားသမားကို ခေါ်ယူဖို့ လက်မလျော့သေးကြောင်း သတင်းတွေ ပေါ်ထွက်လာနေပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟာင်း ဗလန်စီယာကတော့ ခံစစ်မှူး အဲရစ်ဘိုင်လေကို အားမလျော့ဖို့နဲ့ အသင်းမှာ ပိုပြီး ကြံ့ကြံ့ခံထားဖို့ အားပေးတိုက်တွန်းစကား ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ကို ပြောင်းရွေ့လာတော့မယ်လို့ သတင်းတွေ ကျယ်လှောင်နေတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားက အိုးထရက်ဖိုဒ့်ကွင်းကြီးလို အိပ်မက်ကဇာတ်ရုံကြီးမှာ ကစားရဖို့ဆိုတာ ပေးဆပ်မှုတွေ အများကြီး ပြုလုပ်နိုင်မှသာ ရယူနိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း အမွှန်းတင် ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်မှာ မအောင်မြင်ခဲ့ပေမယ့် ယခုအခါမှာ လိုင်ယွန်အသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်နေတဲ့ တိုက်စစ်မှူး မန်းဖစ်ဒီပေးကတော့ အသင်းဟောင်းဟာ သူကျရှုံးခဲ့ရတာဟာ သူ့ရဲ့ မရင့်ကျက်သေးတဲ့ ငယ်ရွယ်မှုတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ ရက်စက်မှုတွေကြောင့်ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ နယူးကာဆယ်ကွင်းလယ်ကစာသမား လောင်းစတပ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ဟာ သူ့လက်ထဲမှာ မရှိဘဲ အသင်းပေါ်မှာသာ မူတည်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မိုနာကိုအသင်းရဲ့ လူငယ်ကစားသမား Hannaibal Mejri ကို ယူရို (၁၀) သန်းနဲ့ လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။