ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျဟာ လာမယ့်ရာသီမှာ BT Sport ရဲ့ အားကစားကောင်ရှင်အဖြစ် တာဝန်ယူတော့မယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းဟာ အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမား ဟာဗေးအီးလီးယောခ့်ကို အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းအပေါ် လှောင်ပြောင်ထားတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

လီဗာပူးကစားသမားဟောင်း ဂျိုးကိုးကတော့ အသင်းနည်းပြ ယာဂင်ကလာခ့်အနေနဲ့ ယခုအပြောင်းအရွေ့မှာ အဓိက ကစားသမား ခေါ်ယူမှု တစ်ခုမှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါက အမှားကြီးတစ်ခု ကျူးလွန်မိမှာဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆင်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ဟာ ပြိုင်ဆိုင်မှုတွေထပ် အနိုင်ရယူဖို့က ပိုအရေးကြီးကြောင်း ပြောကြားလိုက်ပါတယ်။

အီတလီသတင်းဌာနတွေကတော့ လီဗာပူးနောက်ခံကစားသမား လိုဗရန်ဟာ ရိုးမားအသင်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ဖော်ပြမှုတွေ ရှိလာနေပါတယ်။

လီဗာပူးနည်းပြကြီး ယာဂင်ကလာခ့်ကတော့ လိုင်ယွန်အသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမား အလီဆင်ဘက်ကာရဲ ပွဲချိန်အစောပိုင်း ပင်နယ်တီသွင်းဂိုး ခွင့်ပြုပေးခဲ့ရမှုကို ရယ်ရယ်မောမာပဲ တုန့်ပြန်ဖြေရှင်းသွားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ်ကစားသမား Taiwo Awoniyi ဟာ ပြင်သစ်ကလပ် Nice အသင်းကို အငှားနဲ့ ပြောင်းရွေ့သွားဖို့ နီးစပ်လာနေပြီလို့ သိရှိရပါတယ်။

နည်းပြကြီး ယာဂင်ကလာခ့်ဟာ အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသသွားခဲ့ကြတဲ့ Yasser Larouci, Ki-Jana Hover, Harvey Elliott နဲ့ Bobby Duncan တို့ကို ချီးမွမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရိန်းဂျားနည်းပြ စတီဗင်ဂျရတ်ကတော့ သူ့အသင်းဟာ လီဗာပူးလူငယ်ကစားသမား ရိုင်ယန်ကန့်ကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်ညှိနှိုင်းမှုတွေ ပြုလုပ်လိုပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပေမယ့် RB Leipzig အသင်းကတော့ သူတို့ရဲ့ သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့တဲ့ သူတို့ရဲ့ တိုက်စစ်မှူး တီမိုဝါနာကို စာချုပ်သစ် ချုပ်ဆိုလိုနေပါတယ်။