အာဆင်နယ်၊ စပါးနဲ့ အဲဗာတန်အသင်းတို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ တောင်ပံတိုက်စစ်သမား မယ်လ်ကွန်ကို ရုရှားကလပ် ဇင်းနစ် စိန့် ပီတာစဘက် အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး တရားဝင်ကြေငြာတော့မှာ ဖြစ်ပါတယ်။

ပြင်သစ်ကလပ် ရေးနက်စ် အသင်းဟာ အာဆင်နယ်မှာ အပစ်ပယ်ခံ ဖြစ်လာတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက် ကြိုးစားမှုတွေ ပြုလုပ်နေပါတယ်။ ကိုစီရယ်နီကတော့ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်ထားပြီး လန်ဒန်ကလပ်ရဲ့ ရာသီကြို အစီအစဉ်တွေကနေလည်း နုတ်ထွက်ထားပါတယ်။

အမ်မရီကတော့ အာဆင်နယ်ဟာ ပီပီကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပြီးမြောက်ခြင်းမရှိသေးကြောင်းကို ” ခေါ်ယူဖို့ မပြီးပြတ်သေးပါဘူး” လို့ သုံးနှုန်းသွားခဲ့ပါတယ်။ လိုင်လီဥက္ကဌ လိုပက်ဇ်က ပြင်သစ်သတင်းဌာန RMC Sport ကို ဖြေရာမှာ ပီပီဟာ လန်ဒန်ကလပ်ကို ပေါင် ၇၂.၈ သန်းနဲ့ ပြောင်းဖို့ ပြီးမြောက်တော့မယ်လို့ ဖွင့်ဟသွားခဲ့တာဖြစ်တယ်။

အာဆင်နယ်ဟာ အဲဗာတန်က ခေါ်ယူဖို့ ပြီးမြောက်လုဖြစ်နေတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ကိန်းကို ကြားဖြတ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သေးတယ် လို့ ဒေးလီးမေလ်က ဖော်ပြပါတယ်။

အာဆင်နယ် လူငယ် ခံစစ်မှူး ခရစ်စတီယန်ဘီလစ်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ပေါင် (၁၀)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ကာ ဆေးစစ်မှု ခံယူတော့မယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း (၂)ရာသီအငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ဂျူဗင်တပ် ခံစစ်မှူး ရူဂါနီဟာ ၄င်းရဲ့ချစ်သူ မီချီလာပါစီကိုနဲ့အတူ လန်ဒန်မြို့မှာ ရောက်ရှိနေတယ်လို့ သတင်း ထွက်နေပါတယ်။

အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဝက်စ်ဟမ်းအသင်း မှ ပေါင် (၆၅)သန်းတန် ခံစစ်မှူး ဒီအော့ဖ်ကို ချိတ်ဆက် လာခဲ့တယ်လို့ သိရပါတယ်။