မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား တော်မီနေးက သူ့အနေနဲ့ အသင်းမှာ အသင်းခေါင်းဆောင်ဖြစ်လာလိုတယ်လို့ ဝန်ခံစကားကို ပြောဆိုသွားပါတယ်။

နည်းပြဆိုးရှာနဲ့ အသင်းပရိသတ်တွေရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားသူ တော်မီနေးက အသင်းဖော် ကွင်းလယ်လူတွေထက် ဝါနုနေပေမယ့် ခေါင်းဆောင်မှု စွမ်းရည်ရှိသူတစ်ဦးပါ။ ကလပ်အသင်းက သူ့အပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိနေတယ်လို့ တော်မီနေးက ဆိုပါတယ်။

“နည်းပြက ကျွန်တော့်အပေါ် ကောင်းပါတယ်။ အသင်းမှာ ကျနော် အနည်းငယ် စိတ်ရှည်ခဲ့ရပြီး အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ ထိုက်တန်သူဖြစ်ကြောင်း အားလုံးသိအောင် ကြိုးစားခဲ့ရတယ်။ အခုတော့ ကျနော် သက်သေပြနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ကျနော်ရဲ့ နောက်ထပ် ရည်မှန်းချက်က အသင်းကို ဦးဆောင်သူ ဖြစ်ချင်ပါတယ်။

အသင်းကို နိုင်ပွဲတွေရစေပြီး အသင်းဖော်တွေကို ညွှန်းကြာနိုင်သူဖြစ်ဖို့ ဒီထက်အများကြီး တိုးတက်လာနိုင်သေးတယ်လို့ ခံစားရတယ်။ အဆက်မပြတ် ကြိုးစားနေတယ်။ ပွဲကစားခွင့်ပိုရဖို့လည်း ပစ်မှတ်ထားနေပါတယ်။ ကစားသမားဘဝမှာ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ”လို့ တော်မီနေးက ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ လွဲချော်ခဲ့တဲ့ မနှစ်က ရလဒ်ဆိုးတွေကို မေ့ပစ်ပြီး ရာသီသစ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့လည်း ရည်ရွယ်ပါကြောင် တော်မီနေးက ဝန်ခံစကားလည်း ဆိုသွားခဲ့ပါတယ်။