လာမယ့်ဘောလုံးရာသီသစ်အတွက် စူပါကွန်ပြူတာက ခန့်မှန်းပေးခဲ့မှုအပေါ် မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အကောင်းဆုံး တုံ့ပြန်လိုက်ပါတယ်။

Opta, Squawka စတဲ့ အချက်အလက်ဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေကို ကိုးကားပြီး BT Sport သတင်းဌာနက “The Script of the Season” လို့ အမည်ရတဲ့ ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့တာပါ။ အဆိုပါ ထုတ်ပြန်ချက်မှာတော့ ရာသီသစ်အတွက် အသင်းတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနီးစပ်ဆုံး ရပ်တည်မှုတွေကို ဟောကိန်းထုတ်ပေးခဲ့တာဖြစ်ပါတယ်။

စပါကွန်ပြူတာကတော့ လာမယ့်ရာသီမှာ မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆက်အဖြစ် ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မန်နေဂျာဆိုးရှား ဦးဆောင်တဲ့ မန်ယူအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက် လွဲချော်မယ်ဆို့ ဆိုခဲ့တာပါ။

မန်ယူအသင်းဟာ မဟာပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ရမှတ်တူညီပေမယ့် ဂိုးကွာခြားချက်အနေအထားအရ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်မှုမှာတော့ ကလပ်အသင်းရဲ့ သွင်းဂိုးအများဆုံး စာရင်းကိုလည်း ရပ်ဖိုဒ့်ရမှာ မဟုတ်ပါဘူး။

တိုက်စစ်မှူးရက်ဖို့ဒ်က အဆိုပါ အချက်အလက်တွေကို အမှိုက်စက်နဲ့ ထည့်ခြင်း မီးရှိုင်းခြင်းတွေ ပြုလုပ်ပြီး တုံ့ပြန်သွားခဲ့တာပဲဖြစ်ပါတယ်။