မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခါနီးမှ ဂျူဗင်တပ်ခံစစ်မှူး ကန်ဆယ်ဆိုကို ခေါ်ယူဖို့ ပြန်လည် ဆွေးနွေးမှုတွေ ပြုလုပ်လာပါတယ်။ မန်စီးတီးရဲ့ ယူရို သန်း ၄၀ နဲ့ ဒန်နီလို အလိုက်ပေးတဲ့ ကနဦး ကမ်းလှမ်းမှုကို ဂျူဗင်တပ်က ပယ်ချထားပြီး ငွေသားချည်း အလိုရှိနေတာကြောင့် ဆက်လက် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဆာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ပေါင် ၇၂ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဂျာမနီက သတင်းများ အရတော့ ဆာနေးကိုယ်တိုင်က ဘိုင်ယန်သို့ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

မန်စီးတီးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်တွေမှာ ဂျူဗင်တပ်အစွန်လူ ကန်ဆယ်လိုနဲ့ လက်စတာခံစစ်မှူး မက်ဂွဲရားတို့ကို ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ ကလပ်အသင်းဟောင်း လီဗာပူးဟာ ဒီရာသီမှာလည်း အမှတ်ပေးဖလား လွဲချော်ဦးမှာ ဖြစ်ကာ မန်စီးတီးဘဲ ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်း ပြောကြားလိုက်ပါတယ်။

ငွေသုံးတဲ့ကလပ်အသင်းတွေထဲ စီးတီး နာမည် ထည့်ပြောခဲ့တဲ့ ယာဂင်ကလော့ပ်ကို မန်စီးတီးအကြီးအကဲ တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်စီးတီး အကြီးအကဲ အိုမာ ဘာရာဒါက – ” ကလော့ပ် ပြောခဲ့တာတွေ အတွက် ကျနော်တို့ နည်းနည်းတောင် အံ့သြမိပါတယ်။ လီဗာပူးက ပြိုင်ဘက် အသင်းကောင်းပါ။ ဒါပေမယ့် ဘာလို့ ဒီလို မှတ်ချက်စကားတွေ ထုတ်ပြောရလဲ မသိဘူး။ ဘာလို့ သူတို့ အခြားကလပ်အသင်းတွေကို လိုက်ကြည့်နေလဲ နားမလည်နိုင်ပါဘူး။ ” လို့ ပြောဆိုသွားပါတယ်။