လီဗာပူးအသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားပြီး ဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီရယ် စတားရစ်ကို တူရကီကလပ် Trabzonspor က ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားပါတယ်။ အခြား တိုက်စစ်မှူး ဒန်နီ အင့်ကလည်း အငှား ကစားနေတဲ့ ဆောက်သမ်တန်အသင်းထံကို အပြီးသတ် ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွန်မြူနတီဒိုင်း ပွဲစဉ် အတွက် ပြင်ဆင်မှုများ ပြုလုပ်တော့မှာ ဖြစ်လို့ Evian ရှိ အသင်း လေ့ကျင့်ရေးမှ လူငယ် ၅ ဦးကို ပြန် လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ထို ၅ ဦးကတော့ ဗန်ဒါဗယ်၊ ကီဂျာနာ ဟိုဗာ၊ လာရိုစီ၊ အဒမ်လူးဝစ်နဲ့ ဘော်ဘီ ဒန်ကန်တို့ ဖြစ်ပါတယ်။

အဒမ် လယ်လာနာက လီဗာပူးကွင်းလယ်ရဲ့ နေရာအသစ်မှာ ကစားရတာကို သဘောတွေ့နေပြီး အဲ့ဒါက ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် မတူအောင် သူလုပ်ပေးနိုင်တဲ့ နေရာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးနည်းပြက လယ်လာနာကို ချယ်ဆီးရဲ့ ဂျော်ဂျင်ဟို နဲ့ နှိုင်းပြီး ကွင်းလယ်ကနေ ပွဲကိုထိန်းချုပ်ဖို့နဲ့ ပိုင်ဆိုင်မှု အသားပေးတဲ့ လုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ချီးကျူး ပြောဆိုထားပါတယ်။

လီဗာပူးအသင်းဟာ ကလပ်အသင်း လူငယ်တောင်ပံသမားတွေဖြစ်တဲ့ ကန့်နဲ့ ဝဲလ်ဆန်တို့ကို ကမ်းလှမ်းလာမယ့် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးမှာဖြစ်ပြီး ပေါင် ၃၅ သန်းခန့် ရလိုနေပါတယ်။

လိုင်ယွန်အသင်း တိုက်စစ်သမား ဒီပေးကတော့ လီဗာပူးနဲ့ ချစ်ကြည်ရေးပွဲအပြီး နယ်သာလန် လူငယ်ခံစစ်မှူး ဟိုဗာနဲ့ ဂျာစီလဲခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အင်စတာဂရမ်ကနေလည်း ‘Young Lion’ တင်စားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကပဲ ဘောလုံးကစားခြင်းမှ အနားယူလိုက်တဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ပီတာ ခရော့ခ်ျက ဗန်ပါစီနဲ့ အတူ လာမယ့် ရာသီ BT Sport အစီအစဉ်မှာ ဘောလုံးသုံးသပ်မှုများ ပြုလုပ်တော့မှာပါ။

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ ကလပ်အသင်းဟောင်း လီဗာပူးဟာ ဒီရာသီမှာလည်း အမှတ်ပေးဖလား လွဲချော်ဦးမှာ ဖြစ်ကာ မန်စီးတီးဘဲ ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်း ပြောကြားလိုက်ပါတယ်။