အာဆင်နယ်အသင်းထံ တရားဝင်ရောက်ရှိ လာပြီ ဖြစ်တဲ့ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီက ၄င်း ပြင်သစ်လီဂူးဝမ်းမှာ ရှိစဉ်တည်းက အားကျ အထင်ကြီးခဲ့ရတဲ့ အိုဇေး၊ လာကာဇက်တီ၊ အူဘာမီးယန်း အစရှိတဲ့ အာဆင်နယ်ဟီးရိုးတွေနဲ့ အတူ တွဲ ကစားရတော့မှာ ဖြစ်တာကြောင့် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှ လူငယ်ကစားသမား ဘီလစ်ဟာ လန်ဒန်ကလပ်ရဲ့ သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ပြီး ဒါဘီအသင်းကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ အပြီးသတ်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ခံစစ်ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေသလို မူစတာဖီနဲ့ ကိုစီရယ်နီတို့ကိုလည်း ဒီနှစ်နွေ အပြောင်းအရွှေ့မှာပဲ အပြတ်ရောင်းချသွားလို နေပါတယ်။

စီးရီးအေကလပ် နာပိုလီအသင်းဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ အဲဗာတန်တို့ ချိတ်ဆက်ခဲ့တဲ့ ပဲလေစ့်တိုက်စစ်သမား ဇာဟာကို ခေါ်ယူဖို့ ကြိုးစားလာပြီး ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

အာဖရိကနေးရှင်းပွဲတွေ ကစားထားရတာကြောင့် အားလပ်ရက် ယူနေဆဲ ဖြစ်တဲ့ အာဆင်နယ် တိုက်စစ်ကစားသမား အိုင်ဝိုဘီဟာ သြဂုတ်လ ၇ ရက်နေ့လောက်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အကျွမ်းဝင် ခြေစွမ်းပြပြီးသား အရည်အသွေးမြင့် တိုက်စစ်ကစားသမား ဇာဟာထက် လိုင်လီ တိုက်စစ်ကြယ်ပွင့် ပီပီကို ခေါ်ယူခဲ့တာ မှားယွင်းခဲ့ကြောင်း ခရစ်စတယ်ပဲလေ့စ်နည်းပြဟောင်း ဟော်လိုဝေးက သုံးသပ် ပြောဆိုသွားပါတယ်။